Chapter 67

4K 580 13
                                    

Unicode

ဒဏ္ဍာရီလာ ဖန်ဂဲလ်လင်း

လင်းမြောင် ဘယ်တော့မှ စိတ်ထဲအများကြီးသိမ်းမထားတတ်တဲ့သူဖြစ်သည်။ တအောင့်လောက် ချီတုံချတုံဖြစ်နေပြီးကာမှ သူမထပ်ပြီးတော့ မအောင့်အည်းနိုင်တော့သဖြင့် သခင်လေးကို မေးလာသည်။

“ကိုကို…ကိုကို့ကို ရည်းစားစာပေးတဲ့သူရှိလား”

ထိုစဉ် သခင်လေးက ရေချိုးခန်းမှထွက်လာခါစဖြစ်ပြီး သူ့ဆံပင်တွေကို တဘက်ဖြင့် ခြောက်အောင် သုတ်နေတာဖြစ်သည်။ မက်ဆေ့ချ်ကိုမြင်တဲ့အခါ သူ့လက်ထဲမှ တဘက်ဟာ ခေါင်းပေါ်မှာတင် ရပ်တန့်သွားရတော့သည်။ မက်ဆေ့ချ်ထဲမှာပါတဲ့ အကြောင်းအရာကြောင့်မဟုတ် ဒါပေမယ့် လင်းမြောင် သူ့ကိုဒီလိုမေးတဲ့ တကယ့်အကြောင်းအရင်းကြောင့်ဖြစ်၏။

မည်သူမျှ ဒီလိုရှုပ်ရှုပ်ရှက်ရှက် စာရေးပြီးတော့ဖြင့် မနှောင့်ယှက်ကြ။ များသောအားဖြင့် သူ့ဆီ မက်ဆေ့ချ်ပို့တာမျိုး ဒါမှမဟုတ် လူကိုယ်တိုင် ချစ်ခွင့်ပန်ကြတာမျိုးသာ။

အကုန်လုံးကို သူငြင်းပစ်ပလိုက်တာပေါ့။

ထို့ကြောင့် သခင်လေးက ဖြေလာသည်။
“ဟင့်အင်း ဘာလို့လဲ?”

ပြီးနောက် ချက်ချင်း သူ အန္တာရယ်ကို ခံစားမိလိုက်သည်။ စာပြန်လာတာကိုမစောင့်ပဲ မက်ဆေ့ချ်ထပ်ပို့လိုက်သည်။ “မင်း ရည်းစားစာရလို့လား”

သူစာရိုက်တဲ့ အချိန်ကတည်းက သူ့ခေါင်းထဲမှာ အဖြေကရှိလို့နေပြီးသား။ မရထားဘူးဆိုရင် ဘာလုပ်ဖို့ လင်းမြောင်က သူ့ကို ဒီမေးခွန်းမျိုးမေးလာပါ့မလဲ?

လင်းမြောင်က လှသည်။ ပြီးတော့ သူမတို့အသင်းမှာ သူမက ထိပ်တန်းကစားသမားတစ်ယောက်။ သူမနဲ့ သက်တူရွယ်တူအသင်းဖော်တွေအများကြီး ရှိနိုင်တဲ့ဟာကို ဘယ်လိုလုပ် သူမကို သဘောမကျတဲ့သူ မရှိပဲနေမလဲ?

နောက်ပြီးလင်းမြောင်က ဖုန်းကို သိပ်မသုံး။ ထို့ကြောင့် ရည်းစားစာကတော့ တကယ်ဖြစ်နိုင်ချေရှိသည်။

ကြက်တောင်ကစားသမားတစ်ယောက်က သူမကို ရည်းစားစာပေးလာမည့်ပုံအား သခင်လေး မြင်ယောင်ကြည့်လိုက်မိပြီး ထိတ်ထိတ်ပျာပျာဖြစ်သွားရတော့သည်။

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now