Chapter 68

3.8K 601 20
                                    

Unicode

ဖိုင်နယ်ဖလားလုပွဲ

လင်းမြောင်ဟာ အသက် ၁၆နှစ်အရွယ်ဖြင့် ဖိုင်နယ်ကိုတက်လှမ်းလာနိုင်ခဲ့သည်က အံ့လောက်စရာဖြစ်နေလေပြီ။

ဒါပေါ့ အနိုင်မယူနိုင်သူဆိုတဲ့ မှတ်တမ်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့မျှော်လင့်လျက် သူမရဲ့အောင်မြင်မှုကို စောင့်စားလို့နေကြသော မရေတွက်နိုင်တဲ့လူအပေါင်းတို့ရှိနေပါ၏။

သို့သော်လည်း အများအပြားကတော့ အနည်းငယ်စိုးရိမ်နေကြသည်။ သူမသာရှုံးခဲ့မယ်ဆိုလျှင် သူမအပေါ်သက်ရောက်မှုက ကြီးမားလိမ့်မလား?

ဟုတ်ပါတယ် ဒီသံသယကို စိတ်ထဲမှာသာ သိမ်းထားကြသည်။

လင်းမြောင်ကတော့ ဒီလိုပြဿနာမျိုးကိုတွေးပူဖို့ အချိန်မရှိချေဘူး။ သူမရဲ့ ခန့်မှန်းတာမှန်သည်။ ဖိုင်နယ်မှာ တွေ့ရမယ့်ပြိုင်ဘက်က ကမ္ဘာ့ဖလားဖိုင်နယ်မှာတွေ့ခဲ့ရတဲ့ ထိုမိန်းကလေးသာဖြစ်၏။

လင်းမြောင်ကတော့ အစဉ်အမြဲ တည်ငြိမ်စဲ။

သူမ ပူပန်ခဲ့သမျှ အရာတွေအားလုံးဟာ ကမ္ဘာ့ဖလားပြီးတဲ့နောက် အားလုံး လွှင့်စင်ပျောက်ပျယ် သွားခဲ့သည်။

ဒါ့အပြင် အများက သူမကို ထူးခြားတဲ့ပါရမီရှင်လေးလို့ ခေါ်ဆိုခဲ့ကြတုန်းက ထိုအချိန်များတွင် သူမသည် ဟန်မဆောင်ပဲ နေနိုင်ခဲ့သည်။

တခြားသူတွေဘာပဲပြောပြော သူမကိုယ်သူမ အမှန်တိုင်းသိရှိဖို့သာ လိုအပ်သည်ဟု လင်းမြောင်တွေးခဲ့သည်။

သူမရဲ့နောက်ပြိုင်ဘက်က ကမ္ဘာ့ဖလားတုန်းက ပြိုင်ဘက်သာ ဖြစ်ကြောင်း ကြေငြာသည့်အချိန်က သူမရဲ့အသင်းသားတွေအားလုံးဟာ  အရင်တစ်ကြိမ်တုန်းက ဒဏ်ရာကြီးဖြင့်တောင် အနိုင်ရခဲ့သဖြင့် သေချာပေါက် နိုင်လိမ့်မည်ဟု ပြောလာကြသည်။

ပြိုင်ဘက်ရဲ့ ဗီဒီယိုတွေကို အကြိမ်ပေါင်းများစွာ သူမ ကြည့်ခဲ့ပြီးတဲ့နောက် ပြိုင်ဘက်က သူမထက် ပိုသန်မာတယ်ဆိုတာ အားလုံးကို ပြောပြချင်စိတ်တို့ အလွန်ထက်သန်နေပါ၏။

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now