Chapter 62

4K 597 14
                                    

Unicode

ကိုကိုက အရမ်းကောင်းတယ်

နောင်ကျရင် အရွယ်ရောက်တဲ့မိန်းကလေး ဖြစ်လာရမယ်…

နောင်ကျမှလေ_ ဒီနေ့မဟုတ်သေးဘူး…

စိတ်ထဲမှာ ဒီလိုတွေးရင်း လင်းမြောင် ကိုကိုနဲ့တွေ့တဲ့အခါ အလိုလိုဖက်မိသွားလေတော့သည်။

သူမရဲ့ထူးထူးဆန်းဆန်းအပြုအမူက သူမအရွယ်ရောက်လာတာကြောင့်ဆိုတာ သူမသိပါ၏။

သခင်လေး သူမကို လက်မောင်းတွေကြားမှာ ဖက်ထားရင်း “ဒီနေ့ ဆွေ့ဆွေ့ အရမ်းပျော်နေသလိုပဲနော်”

လင်းမြောင်ရဲ့ခါးက ပေါ်ပေါ်လွင်လွင် သေးသွယ်နေတာမဟုတ်ပေမယ့် သူမရဲ့ပုသေးသေး ကိုယ်ထည်လေးကြောင့် တစ်ကိုယ်လုံးက ပိန်ပါးနေပုံပေါက်လေသည်။

ယုကျင်းရွမ် ဖက်ထားဖို့ရာ အလွန်လွယ်ကူလှ၏။

သခင်လေးက သူမကို ဖက်ထားလို့နေပြီး လင်းမြောင် သူ့ရဲ့နဖူးကို သူမရဲ့နဖူးဖြင့် မပွတ်မိပဲ မနေနိုင်တော့ပေ။ ဝမ်းနည်းမှုတွေ တစ်လုံးတစ်ခဲဖြစ်ပေါ်လို့လာပြီး ဒီခံစားချက်မျိုးက ငယ်ငယ်တုန်းက လင်းမြောင် သခင်လေးတို့မှ အိမ်ထွက်သွားခဲ့သည့် အချိန်တုန်းကလိုမျိုးပင်။

ယင်းခံစားချက်တွေ အမြန်ပဲဖုံးကွယ်ထားလိုက်ပြီး သူမ သခင်လေးရဲ့လက်ကိုကိုင်ကာ ပြုံးရွှင်လျက် ဆိုလာသည်။

“ကိုကို သွားကစားရအောင်!”

ယုကျင်းရွှမ်တစ်ယောက်မှာတော့ ရင်ခုန်သံတွေက တစ်ချက်စ နှစ်ချက်စ စည်းချက် လွှဲသွားရသည့်နှယ်။ခေါင်းရှုပ်နေလျက် ဖြစ်နေတာတွေကို သတိမပြုမိပါချေ။

မနေ့တုန်းကတင်ပဲ သူမက သူ့ကို အရှက်ကြီးတဲ့ မိန်းကလေးငယ်လေး တစ်ယောက်လို ကြည့်နေခဲ့ပြီးတော့ အခုကျ သူရဲ့ညီမပေါက်စနလေးပုံစံ ပြန်ရောက်လာပြန်ပြီ။

သူမရဲပွင့်လင်းလွန်းသည့်အကြည့်ကြောင့် သူ့နှလုံးသားက အာတိတ်ဒေသလိုမျိုး အေးစက် သွားရတော့သည်။

ဒါပေမယ့် အပြင်ပန်းမှာတော့ သူမရဲ့လက်ကိုခါတိုင်းလိုပဲ ကိုင်ထားလိုက်ပြီး
“ဆွေ့ဆွေ့ ဘယ်သွားချင်လဲ?”

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Wo Geschichten leben. Entdecke jetzt