(Unicode)Chapter 35 : ငါ့မှာအခု ပိုက်ဆံရှိပြီ

4.4K 699 19
                                    

Unicode

လင်းမြောင်ငယ်ငယ်တုန်းက သူမရဲ့အမေဟာ စာအိတ်နီတွေကို ပေးတဲ့သူရှေ့မှာ ဖောက်ကြည့်ဖို့ခွင့်မပြုကြောင်း ပြောထားခဲ့သည်။ထို့ကြောင့် လင်းမြောင် သူမရဲ့ဆုငွေကို အိတ်ကပ်ထဲထည့်လိုက်၏။ မသိလိုက်ပဲ ပိုက်ဆံတွေလွှင့်ကျသွားမှာစိုး၍တောင် လက်ကိုထိုးထည့်ထားလိုက်သေးသည်။ သို့သော်လည်းပဲ ဆုငွေတွေကို ရေတွက်ပြီး ဘယ်လောက်ပါလဲဆိုတာ သိချင်စိတ်ကို တင်းခံနေရစဲပါပင်။

နည်းပြကြီးတောင်မှ သူမရဲ့တင်းခံနေရတဲ့ မျက်နှာထားကိုမြင်မိတော့ သနားသွားမိသေးသည်။

လင်းမြောင် နည်းပြကြီးကို နှုတ်ဆက်ပြီးနောက် ကျောင်းကနေပြန်ကာ အိမ်သို့ပြေးလေတော့သည်။

သူတို့ငှားထားတဲ့အိမ်ဟာ ကျောင်းနဲ့အရမ်းနီး၏။ လမ်းတစ်လမ်း ကွေ့ရန်သာလိုလေသည်။

လင်းမြောင် လှေကားတွေကျော်တက်လျက် စိတ်အားထက်သန်စွာဖြင့် တံခါးကိုဖွင့်လိုက်သည်။ အထဲကို ခြေချလိုက်တော့ သူမမောင်လေးက စာလုပ်နေပြီး အမေဖြစ်သူက ညစာပြင်နေသည်။နောက်က တံခါးကိုပိတ်ကာ ရွှင်မြူးတက်ကြွလျက် သတင်းကောင်းကို ပြောပြလိုက်လေတော့သည်။

“မေမေ၊ မောင်လေး ၊သမီးနိုင်ခဲ့တယ် ၊ဆုငွေလည်း ရတယ်”

လင်းမြောင် အခမ်းအနားမှူးက ချီးမြှင့်လိုက်တဲ့ အနီရောင်စာအိတ်ကြီးကို ထုတ်ပြလိုက်၏။

လင်းမြောင်အမေမှာ တောင့်လို့သွားသည်။ ထို့နောက် သူမရဲ့လက်တွေကို အေပရွန်နဲ့သုတ်ပြီး သန့်ရှင်းလိုက်ကာ အံ့ဩတကြီးဖြင့် “သမီး ပြိုင်ပွဲဝင်ခဲ့တာလား?”

ရုတ်တရက် လင်းမြောင် သဘောပေါက်မိသွားသည်။ သူမရဲ့မိသားစုကို ပြိုင်ပွဲအကြောင်းမပြောထားခဲ့ပေ။ ဘာလို့ဆို ရှုံးလိမ့်မည်ဟု သူမမျှော်မှန်းထားခဲ့မိတာကြောင့်ပင်ဖြစ်လေသည်။

အမေရဲ့အလုပ်တွေအနှောင့်အယှက်ဖြစ်သွားမှာစိုးမိလေသည်။ သူမသာ ရှုံးသွားခဲ့လျှင်ပေါ့...

သူမရဲ့ပုံရိပ်ကိုလည်း ထိန်းထားချင်မိသည်။ သူစိမ်းတွေရှေ့မှာ ရှုံးတာက အဆင်ပြေပေမယ့် မိဘတွေရှေ့မှာ ရှုံးတဲ့ပုံစံကိုပြရမှာ အရမ်းရှက်ဖိုကောင်းပေလိမ့်မည်။

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now