(Zawgyi) Chapter 33 : ညီမချစ်

2K 138 7
                                    

Zawgyi

လူသွားလမ်းကနေ အနည်းငယ်ဆင်းလျှောက်သွားလိုက်တော့ လမ်းဘေးတွင် ကားတစ်စီးရပ်ကာ သူတို့ကိုစောင့်နေလေသည်။

ယုမိသားစုရဲ့ ကားဒါရိုက်ဘာပင်ဖြစ်၏။

ဒါဟာ သူ့အတွက်ပထမဆုံးမဟုတ်တော့ ။ ဒါကြောင့်ချက်ချင်းပဲ ထိုနှစ်ယောက်ကို သူရှာတွေ့သွားသည်။

လင်းမြောင်နဲ့သခင်လေးဟာ လင်းမြောင်အိမ်သို့သွားကြလေသည်။ သခင်လေးရဲ့မိသားစုဟာ အစတုန်းက သူ့ကြောင့်နဲ့ ဟိုဟိုဒီဒီလျှောက်သွားရင်း ဒုက္ခများခဲ့ရသည်။ သခင်လေးရဲ့အမေဟာ သူ့နောက်ကို တတ်နိုင်သမျှ လိုက်ခဲ့ရပေသည်။

သို့သော်လည်း နောက်ပိုင်းတွင်တော့ ဒါရိုက်ဘာတစ်ယောက်ထားပေး လိုက်တာကအကောင်းဆုံးဖြစ်မယ်မှန်း သူတို့သဘောပေါက်သွားကြ၏။ ထိုသို့မဟုတ်ပဲ သူတစ်ယောက်ထဲခိုးထွက်ပါက ပို၍ပင် စိတ်ပူရချေသည်။

သူ့နောက်ကိုလိုက်ဖို့ တစ်ယောက်ထားလိုက်တာက သူတစ်ယောက်ထဲအပြင်ထွက်ခိုင်းတာထက်စာရင်ပို အဆင်ပြေလေသည်။

သခင်လေးဟာ ပြောစကားနားထောင်တဲ့သူမျိုးမဟုတ်၊ ခိုးထွက်ပြီး လင်းမြောင်ဆီသွားနေတတ်တာကို တားဖို့မဖြစ်နိုင်ပေ။

လင်းမြောင်ရှိရာမြို့သို့ သူတစ်ယောက်တည်း တက္ကစီငှားပြီး ခွေးသုံးကောင်ပါခေါ်သွားလိုက်သေးသည်။ ပြီးတဲ့အခါ သူမရဲ့လိပ်စာကိုသေချာမသိပဲနဲ့တောင် ရှာတွေ့သွားခဲ့သေးသည်။

ထို့ကြောင့် လူကြီးတွေဟာလည်း ကိုယ်ပိုင်ကားကိုသာစီးရမယ်ဆိုတဲ့ အခြေအနေတစ်ခုအောက်မှာ လွှတ်ထားပေးလိုက်ရတော့သည်။

သခင်လေးဟာ အတော်အတန် လွတ်လပ်ရေး ရသွားချေသည်။

သူစာသင်ပေးတာက သူမရဲ့ဆရာတွေထက်ပိုကောင်းသည်ဆိုသော သူမရဲ့ပြောကြားချက်အရ ထုံးစံအတိုင်း သခင်လေးက လင်းမြောင်ကို စာပြပေးပြန်ရသည်။ ပြီးသွားတဲ့အခါ သူတို့ ဂိမ်းအတူကစားကြလေသည်။

လင်းမြောင်ဟာ စိတ်ဓာတ်ကြံ့ခိုင်ပေမယ့် ထိုအရာက သေချာပေါက် သူမကိုအခွင့်အရေးရဖို့ မကူညီပေးနိုင်ပေ။

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now