(Unicode)Chapter 6: အပြင်ထွက်ကြရအောင်

5.9K 823 11
                                    

Unicode

လင်းမြောင် သူ့အခန်းကိုပြန်ရောက်တဲ့အခါ ရွာကထွက်လာတဲ့အချိန်တုန်းက သူမအမေက စာဆက်လေ့လာနေဖို့ မှာခဲ့တာကိုသတိရသွားသည်။
လင်းမြောင်ကျောပိုးအိတ် ကိုယူပြီး ဖတ်စာအုပ်ကိုထုတ်လိုက်သည်။ သူမစာမလုပ်ချင်ပေမယ့် သူမအမေကိုလွမ်းနေတာကြောင့် ဖြေးဖြေးချင်း စာဖတ်လိုက်သည်။
သိပ်မကြာခင်မှာပဲ စားပွဲပေါ်မှာတင်အိပ်ပျော်သွားတော့သည်။
ညသန်းခေါင်ရောက်တော့ နိုးတစ်ဝက်အိပ်တစ်ဝက်ဖြင့် အိပ်ရာပေါ် လေးဖက်​ထောက်၍ တက်လာခဲ့၏။

နောက်တစ်နေ့ မနက်မှာလည်းသူမအစောကြီး နိုးလာခဲ့ပြန်သည်။ အပြင်မှာမိုးတွေရွာနေစဲပင်။
လင်းမြောင်မိုးရွာတာကို ကြိုက်သလို မုန်းလဲမုန်းပေ၏။ မိုးပိုရွာရင် တောင်ပေါ်မှာမှိုတွေပေါတတ်ပေမယ့် ထိုအခါမြစ်ရေတက်လာပြီး မြစ်ကိုဖြတ်ကူးရန်မလွယ်ကူပေ။
ဒါပေမယ့် သူမအခုတော့ မပြန်နိုင်တာမို့ မှိုချိုးစရာလဲ မလိုတော့သလို ကျောင်းသွားရန်လဲ မလိုတော့ပါချေ။ သူမ မိုးရွာတဲ့နေ့တွေကို ဒီအတိုင်းမကြိုက်ရုံသာဖြစ်လာသည်။

ဘာလို့ဆို သခင်လေးက မိုးရွာတဲ့နေ့တွေမှာ မနက်စာမစားတတ်ဘူးဆိုတာ သူမသတိပြုမိ၏။ အဲ့အစား အိမ်အကူက မနက်စာကိုသွားပို့ပေးရလေသည်။
သူမ မနက်စာကို အဖွားနှင့်သာစားရသည်။
အဖွားက သဘောကောင်းတဲ့သူဖြစ်ပြီး သခင်လေးကည်း ရံဖန်ရံခါ သူမနဲ့စကားပြောတတ်ပေမယ့် အဖွားရှေ့မှာဆို နေရသက်သာလေသည်။ သခင်လေးနဲ့ဆို နည်းနည်းရှက်နေသေးပေ၏။

မနက်စာက မှိုနှင့် အသားညှပ်ပေါင်မှုန့်ဖြစ်သည်။ အရမ်းအရသာရှိသည်မို့ လင်းမြောင် သဘောခွေ့နေတော့၏။

မနက်စာ စားပြီးတဲ့အခါ အဖွားက သူမကိုမေးလာလေသည်။
"ဆွေ့ဆွေ့ သမီးကိုကို မနက်စာ စားရဲ့လား သွားစစ်ကြည့်ပါအုန်းလား "

လင်းမြောင် သူ့ကိုကိုကို လိုခေါ်ဖို့ရှက်နေသေးပေသည်။
ဒါပေမယ့် အဖွားက သူမကိုခိုင်းလိုက်တာကြောင့် ဘာပဲဖြစ်ဖြစ် သွားလိုက်သည်။ တံခါးဝရောက်တော့ အခန်းထဲကကန်ထုတ်ခံလိုက်ရလို့ မျက်နှာမကောင်းဖြစ်နေတဲ့ အိမ်အကူကိုတွေ့လိုက်ရ၏။
သူ့လက်ထဲမှာတော့ မထိမတို့ရသေးတဲ့ သခင်လေးရဲ့ မနက်စာ...
လင်းမြောင် ထိုအိမ်အကူကိုတော့လန့်သည်။ ထိုသူက သူမကို အရင်တုန်းကညစ်ပတ်ပေရေနေတာပဲလို့ ပြောခဲ့တဲ့တစ်ယောက်ပင်။
အိမ်အကူက သူမကိုမြင်တော့
" သခင်လေးက အိပ်နေတုန်းဝင် မသွားနဲ့ ၊ အိပ်ရာနိူးလို့ စိတ်မကြည်ဖြစ်နေတုန်းပဲ "

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now