(Unicode)Chapter 31: အားကစား အကယ်ဒမီ

4.8K 680 14
                                    

Unicode

လင်းမြောင် ဇယားအတန်းတစ်ခုတည်းတွင် ၈ခါတောင်ရှုံးသည်မှာ မယုံနိုင်စရာအကြောင်းမရှိ။ သူမဟာ ဒါကိုအသားကျနေပြီဖြစ်ကာ အဆုံးမှာတော့ တစ်ပွဲတောင် မနိုင်။ သူမရဲ့ပန်းတိုင်က ကစားပွဲတစ်ခုကို အချိန်ကြာကြာဆော့ရဖို့ သာဖြစ်တော့သည်။

ပြီးတဲ့နောက်မှာတော့ နှစ်ယောက်သား အတူ လှဲလျောင်းရင်း  စကားပြောကြလေသည်။ သူတို့ စကားပြောနေကြရင်း လင်းမြောင်ဆီက အဖြေစကားပြန်မရတော့တာကို သခင်လေး သတိပြုမိလိုက်၏။ သူခေါင်းကို လှည့်ကြည့်လိုက်တဲ့အခါ သူမအိပ်ပျော်နေလေပြီ။

ပြိုင်ပွဲတစ်ခုလုံးလည်း ပြီးဆုံးသွားပြီဖြစ်ကာ ခွေးတွေနဲ့အတူလမ်းလျှောက်ထွက်ခဲ့သေးတာကြောင့် သူမ ပင်ပန်းနေပေရော့မည်။

အရင်နှစ် သူမ ရောက်ခါစတုန်းက အိမ်အကူပေးခဲ့တဲ့ ညအိပ်ဝတ်စုံလေးကို  ဝတ်ဆင်ထားလေသည်။ အရာအားလုံးဟာ အရင်တိုင်းပါပဲ ၊ လင်းမြောင်မနက်ဖြန်ပြန်တော့မှာက လွဲရင်ပေါ့…

သခင်လေးဟာ အိပ်ရာပေါ်က သူတို့ Tic tac toe ကစားထားတဲ့ ခဲတံတွေ စာရွက်တွေကို ဖြေးဖြေးချင်း ရှင်းလင်းလိုက်ပြီးတဲ့နောက် သူမကို ညင်ညင်သာသာလေး စောင်ခြုံပေးလိုက်၏။

ပန်းပွင်သေးသေးလေးတွေ ဒီဇိုင်းခတ်နှိပ်လို့ထားတဲ့ အဖြူရောင် ခေါင်းအုံးပေါ်မှာ လင်းမြောင်ဟာ နှစ်ခြိုက်စွာ အိပ်မောကျလို့နေသည်။

မနက်ဖြန်ဆိုရင် သူမမြို့ကို ပြန်ရတော့မှာဖြစ်ပြီး သူတို့ဘယ်အချိန်မှ ပြန်ဆုံတွေ့နိုင်အုန်းမလဲဆိုတာ မည်သူမျှမသိနိုင်။

သခင်လေး သက်ပြင်းချလိုက်၏။ တဟောင်ကို သူသယ်ထုတ်သွားချင်သည်။ ဒါမှာ လင်းမြောင်ကို တစ်ယောက်တည်း အိပ်လို့ရနိုင်မှာဖြစ်သည်။

တဟောင်ဟာ အနည်းငယ် ပေကပ်ကပ်လုပ်နေလေသည်။ စောင်ကို ဆွဲကုပ်ထားလျက် လုံးဝမသွားချင်နေပေ။

လင်းမြောင်ဟာ နောက်နေ့မနက်မှာ စောစောနိုးလာခဲ့ပြီး သူမအခန်းတံခါးကို ဖွင့်လိုက်တဲ့အခါ သခင်လေးလည်း နိုးနေပြီဖြစ်ကြောင်း သတိထားမိလိုက်သည်။

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now