(Unicode)Chapter 25 : အိမ်ပြန်ချင်လား

4.9K 720 25
                                    

Unicode

အိမ်နီးနားချင်း ခွေးများဟာ မျိုးကောင်းမျိုးသန့်များဖြစ်ကြ၏။အမွေးထူထူ Samoyed တွေ၊ husky တွေ ၊တချို့ဂျာမန်မျိုးစိတ် shepherds တွေနဲ့ collies မျိုးစပ် တွေသာများကြလေသည်။

သခင်လေးအမေက ဒါကိုအာရုံမစိုက်။ခွေးပေါက်လေး နှစ်ကောင်နဲ့သာ ဖြေးဖြေးချCင်းလျှောက်လို့ နေလေသည်။ခွေးပေါက်လေးနှစ်ကောင်ဟာ စပ်စုချင်စိတ်ပြင်းပြတဲ့အရွယ်ဖြစ်တာကြောင့် မကြာခဏဆိုသလို လမ်းကြောင်းပြောင်းသွားတာမျိုး၊ ရပ်ပြီးကြည့်နေတာမျိုး လုပ်နေတတ်တာကြောင့် သခင်လေးအမေဟာ နှေးနှေးသွားရလေသည်။

နှစ်ခေါက်လောက်ပတ်ပြီးတဲ့အခါမှာနောက်ဆုံးတော့ တဟောင် ရပ်သွားချေပြီ။ထို့ကြောင့် နှစ်ယောက်သား လမ်းဘေးမှာ ရပ်ပြီး အမေဖြစ်သူကိုစောင့်ရင်း နားနေကြ၏။

သခင်လေးအမေဟာ နေလို့ထိုင်လို့ကောင်းသလိုခံစားနေရသည်။သူမဟာ ကလေးဘဝကပင် သရုပ်ဆောင် တစ်ဦးဖြစ်လာခဲ့သည်။သူမရဲ့ အလုပ်အကိုင်တွင် အောင်မြင်ကျော်ကြားနေလျက် ပရိတ်သတ်ပေါင်း များစွာရှိလေသည်။ကျော်ကြားမှုတွေ ကျဆင်းသွားတဲ့ မင်းသား မင်းသမီးတွေရဲ့ ဘဝဟာ ဘယ်လိုစိတ်ပျက်စရာကောင်းကြောင်းဆိုတာကိညလည်း သူမမြင်တွေ့ခဲ့ရ၏။ထို့ကြောင့်ပင် သူမပရိသတ်တွေရဲ့ စိတ်ကိုဆွဲဆောင်ထားဖို့ အလုပ်ကြိုးကြိုးစားစားလုပ်ခဲ့ရသည်။

အခုတော့ အောင်မြင်မှုအထွဋ်အထိပ်ရောက်နေချိန်မှာ သူမအနားယူလိုက်ခဲ့ပေမယ့် ခြားနားတဲ့ ပုံစံတစ်မျိုးနဲ့ နေပျော်စရာကောင်းတဲ့ဘဝကို တွေ့ရှိခဲ့လေသည်။မနက် ၃ ၊ ၄ နာရီ ရိုက်ကူးရေးအတွက် ထစရာမလိုသလို သတင်းထောက်တွေရဲ့ မေးခွန်းတွေကိုဖြေပေးနေစရာမလိုတော့ နောက်ပြီး သူမ အမြဲတစေ ယဉ်ကျေးပျူငှာနေဖို့လည်းမလို့တော့ချေ။

အစကတော့ မီးရောင်တွေနဲ့ ဝေးတဲ့ဘဝကို သူမ ဘယ်သောအခါမှ သဘောကျနိုင်လိမ့်မည် မဟုတ်ဟု ထင်ခဲ့၏။သို့ပေမယ့် ဒီဘဝကြီးက ဘယ်လောက် နေလို့ကောင်းကြောင်း  သဘောပေါက်သွားခဲ့လေပြီ။

သိပ်မကြာလိုက် ကလေးနှစ်ယောက်ကို လိုက်မီသွားလေတော့သည်။ သူတို့ဟာ သူမကိုစောင့်နေကြ၏။

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now