(Unicode)Chapter 5 : သူ့ကိုမနှောက်ယှက်နိုင်ဘူး

6K 812 4
                                    

Unicode

လင်းမြောင် သူမရဲ့ပထမဆုံးအလုပ်ကို သေသေချာချာ ပိုင်ပိုင် နိုင်နိုင်လုပ်နိုင်ခဲ့ပေသည်။ ဆေးကုန်ခါနီးတဲ့အချိန်မှာဘဲ ဆရာဝန်ကို သူခေါ်လိုက်ပြီး အပ်ကိုဆွဲဖြုတ်ခိုင်းခဲ့၏။
ဆရာဝန်က သူမ မနေ့ကတွေ့ခဲ့တဲ့ဆရာဝန်ပဲဖြစ်သည်။ သူမကစိတ်ထားပျော့ပြောင်းပြီး ပြည့်ပြည့်ဖောင်းဖောင်း ပုံစံလေးပင်။
သူမက ဂွမ်းစကိုထုတ်ပြီး လင်းမြောင်ကိုပေးလိုက်ကာ တိုးတိုးလေးပြောလိုက်၏။
"ငါအပ်ကိုဆွဲ ထုတ်ပြီးရင် အသားပေါ်မှာဒါလေး ဖိထားပေး okayလား "

သူမဂွမ်းစကိုယူလိုက်ပြီး စိတ်လှုပ်ရှားနေမိတော့သည်။ 
သခင်လေးရဲ့ လက်တွေဟာ ဖွေးဆွတ်လို့နေသည်။ သူ့ရဲ့လက်ဖမိုးပေါ်မှာ ညိုပြာရောင်အစက်အပြောက်တွေဟာမြင်သာလို့နေသည်။
ဆရာဝန် အပ်ဆွဲထုတ်နေတာကိုလင်းမြောင် ကြည့်နေမိ၏။ သူမကြည့်နေရုံနဲ့တင် နာသလိုခံစားလာရသည်။
ဆရာဝန်က အပ်ထုတ်ပြီးတဲ့အခါ သူမသူ့လက်ကို လက်တစ်ဖက်ဖြင့်ကိုင်ကာ တခြားလက်ဖြင့်ဂွမ်းစကိုအပ်ပေါက်ရာပေါ်ဖိထားလိုက်၏။
"မိနစ်နဲနဲလောက်ဖိထားအုန်း သွေးထွက်မလာအောင် " ဆရာဝန်ကညင်သာစွာပြောလိုက်ရင်း အခန်းကိုသန့်ရှင်း ပြီးတဲ့နောက်ထွက်သွားတော့၏။
လင်းမြောင်ခေါင်းသာညိမ့်ပြလိုက်သည်။

ဆရာဝန်ထွက်သွားတော့ အိပ်ရာပေါ်မှာ အိပ်ပျော်နေတဲ့ သခင်လေးကို လင်းမြောင်မထိန်းနိုင်စွာကြည့်မိသွားသည်။
သူကအရမ်းကြည့်ကောင်းသည့်သူပင်။ လင်းမြောင်တွေးလိုက်မိသွားတာက သူကကမ္ဘာပေါ်မှာ အချောဆုံးသောသူဖြစ်နိုင်လောက်ပေသည်။
သူ့မျက်လုံးတွေပိတ်လို့ထားသည်မို့ သူ့ရဲ့မျက်တောင်ရှည်ကြီးတွေကိုသာ သူမမြင်နိုင်ပေ၏။ သူကောင်းကောင်းအိပ်ပျော်နေတာကိုကြည့်နေရတာ စိတ်လှုပ်ရှားဖွယ်ရာပင်။

ထို့နောက်မှာတော့ သူ့မျက်လုံးအစုံတို့ပွင့်လာတာကိုမြင်လိုက်ရကာ ပယင်းရောင်မျက်လုံးတွေက မကြည်မလင်ဖြစ်နေတုန်းပင်။သူက သူမကိုကြည့်လိုက်ပြီးတဲ့နောက် သူမကိုင်ထားတဲ့ သူ့ရဲ့လက်ကိုကြည့်လိုက်ပြန်သည်။

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now