(Unicode)Chapter 34 : ဝမ်းသာလုံးဆို့လျက်

4.4K 701 23
                                    

Unicode

စင်မြင့်ပေါ်သို့ တက်သည့်အချိန်မှစ၍ ပြန်ဆင်းလာတဲ့အချိန်အထိတိုင် လင်းမြောင်ဟာ ပီတိဖြစ်လျက် ဘဝင်ခိုက်နေလေသည်။'သာမာန်လူသားတွေအတွက် အကောင်းဆုံးနေ့´ လားဟုတောင် သူမ ခံစားရသည်။

သူမကိုကြည့်မိသူတိုင်း ပျော်ရွှင်မှုဆိုတာ ဘယ်လိုမျိုးကိုခေါ်မှန်း ချက်ချင်း နားလည်သွားကြသည်။

နည်းပြကြီးမှာ သူ့ရှေ့က အရူးမလေးအလား ပြုံးရယ်နေတဲ့ကောင်မလေးကို လှစ်လျှူရှုမထားနိုင်တော့ “ဆွေ့ဆွေ့ တည်တည်ငြိမ်ငြိမ်နေ”

လင်းမြောင်ခေါင်းလှည့်လာကာ ဝမ်းသာလုံးဆို့လျက် “သမီးနိုင်သွားပြီ နည်းပြကြီး”

နည်းပြကြီးဟာ အစကတော့ သူ့အတွက် ပျော်ရွှင်ဂုဏ်ယူနေမိပေမယ့် အခုတော့ နဲနဲစိတ်ပူလာရချေပြီ။ သူမလေးဟာ အရည်အချင်းလည်းရှိပြီး စိတ်ထားလေးလည်းကောင်းသည်။ပြီးတော့ သူမရဲ့ ခံနိုင်ရည်ခွန်အားတို့ကလည်း သက်တူရွယ်တူတွေနဲ့ ယှဉ်လို့မရ။ထို့ကြောင့် သူမလေး အရှုံးကို ရင်မဆိုင်နိုင်တော့မှာကို သူကြောက်လို့လာမိသည်။

အရှုံးဆိုသည်မှာ လူတိုင်းအတွက်ပုံမှန်သာလျှင်ဖြစ်ပြီး အမှားနဲ့လည်းမကင်းကွာနိုင်ကြ။ဤသို့သာ ဖြစ်လာသည်ရှိခဲ့ပါသော်…

ထိုစိတ်မျိုး သူမထံမှာ မွေးမြူမလာစေဖို့ နည်းပြကြီးဟာ သူမကို အမှားတွေကနေသင်ယူတတ်စေဖို့၊ လဒ်တွေကို အရမ်းမဂရုမစိုက်ဖို့ အရိပ်အမြွက်ပြ ပြောလာလေသည်။

လင်းမြောင် နာခံလျက်သားဖြင့် “ဟုတ် သမီး အရှုံးတွေကနေ ပိုပြီးတော့ သင်ယူပါ့မယ်” အရှုံးတွေကနေ သင်ခန်းစာယူ နေတာတောင်မှရှုံးနေတုန်းပဲလေ။

လင်းမြောင် အရင်တစ်ခေါက်ပြိုင်ပွဲတုန်းကလည်း နိုင်ခဲ့ဖူးတာကို နည်းပြကြီးအမှတ်ရလိုက်သည်။ တာထွက်မှာတင် အတော်လေး မြင့်မားလှသည်။ပါရမီရှင်အများစုဟာ အမှားတွေကနေ ဘယ်သောအခါမှာ ပြန်နလံမထူလာနိုင်တော့တဲ့ ဖြစ်ရပ်တွေများစွာရှိခဲ့သဖြင့် သူစိုးရိမ်ပူပန်လာခြင်းဖြစ်သည်။ ဥပမာပြရရင် လင်းမြောင်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ကောင်မလေးဟာ သိပ်မဆိုးလှ။ ဒါပေမယ့် အမှတ်ကျသွားနဲ့ မကြာမီ ကိုယ့်ကိုယ်ကိုယုံကြည်နိုင်စွမ်းတွေပါကျ သွားရသည်။ရမှတ်ပေါ်မှာသာ အာရုံစိုက်နေတာကြောင့် အမှားတွေ ဆက်တိုက်ဆိုသလို ပြုလုပ်မိသွားတော့သည်။ သို့ဖြစ်၍ နည်းပြကြီးဟာ ထပ်မေးဖို့ ဆုံးဖြတ်လိုက်ကာ ပိုပြီးတော့ သင်ခန်းစာပေးချင်လာသည်။
“ဆွေ့ဆွေ့ ရှုံးဖူးလား”

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now