Chapter 61

4.1K 562 20
                                    

Unicode


သမီးတွေအားလုံးက အကြွေးပဲ

ထုံးစံအတိုင်း လင်းမြောင်ဟာ နံနက်ခင်းပြေးဖို့ အရုဏ်တက်မှာနိုးလာခဲ့သည်။ သူမရဲ့ အပြေးဖိနပ်နှင့် အားကစားဝတ်စုံကို တိုးတိုးသာသာ ဝတ်ဆင်လိုက်၏။

သူမဆိုတာကလည်း ဘာတွေဖြစ်နေနေ အမြဲလေ့ကျင့်ခန်းလုပ်မယ့် လူစားမျိုး။

အောက်ကိုဆင်းသွားလိုက်တော့ ကိုကိုက သူမကိုစောင့်နေတာ မြင်လိုက်ရသည်!

သူလည်းပဲ အားကစားဝတ်စုံဝတ်ဆင်ထားသည်။ သူမကို လက်ဝှေ့ယမ်းပြလာကာ
“လာ အတူတူပြေးကြမယ်”

ပန်းခြံထဲတွင် နှစ်ယောက်သား ဘေးချင်းယှဉ်လျက် ပြေးနေကြသည်။ လင်းမြောင်က ရေဒီယိုကာယလေ့ကျင့်ခန်းထဲမှာ သူမကိုယ်သူမ လုံးလုံးလျားလျား နှစ်ဝင်မြုပ်နှံထားသည်။

သူမ ဖုန်းမယူလာခဲ့သော်ငြား အလေ့အကျင့်ရနေပြီဖြစ်၍ မှတ်ဉာဏ်ထဲကအတိုင်း မကြားရပဲနဲ့လည်း လုပ်နိုင်နေလေသည်။

လင်းမြောင်ရဲ့ စက်ရုပ်လို အပြုအမူတောင်တောင့်ကြီးတွေက ချစ်ဖို့ကောင်းလှသည်။

(အေရိုးဗစ်လိုမျိုးထင်တာပဲ )

ရေဒီယိုမှ ကာယသင်ခန်းစားထဲကအတိုင်း သူမ တစ်သွေမတိုင်းလိုက်လုပ်နေလေသည်။ သူမပြောတာက ဒီလိုလုပ်ရင် ပိုပြီးတော့ ပေါ့ပါးဖျက်လတ်စေတယ်တဲ့၊ နောက်ပြီးသူမ ပြိုင်ပွဲတုန်းက ချော်လဲခဲ့ဖူးတာကြောင့် ဒီလေ့ကျင့်ခန်းက သူမချော်လဲကျခဲ့ရင်တောင် သူမကိုယ်သူမ ကာကွယ်နိုင်မယ့် အခွင့်များစေသည်။

သခင်လေးက ရေဒီယိုကာယသင်ခန်းစာတွေမှာ ဒီလိုအခန်းကဏ္ဍမျိုးရှိမယ်လို့ မထင်ထားခဲ့ပေမယ့် သူမလေး ပြီးဆုံးသွားတဲ့အထိ ပြုံးပြီးတော့သာ ကြည့်နေလေသည်။

သူတို့ လေ့ကျင့်ခန်းလုပ်ပြီးသွားတဲ့အခါ ရေကန်ဘက်သို့ ဦးတည်လိုက်ကြပြီး ကန်ဘေးတစ်လျှောက် ဖြေးညှင်းစွာ လမ်းလျှောက်ကြသည်။

ဟုတ်တာပေါ့ ပြီးသွားတဲ့အခါ လင်းမြောင်က သခင်လေးကို မနက်စာစားဖို့ခေါ်မှာပဲလေ။

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now