(Unicode)Chapter 49 : ဒီအတိုင်း ပိုက်ဆံပါပဲဟာ

3.8K 612 19
                                    

Unicode

မနေ့တုန်းက လင်းမြောင် သခင်လေးရဲ့မက်ဆေ့ချ်တွေကို စာမပြန်နိုင်ခဲ့တာကြောင့် ဒီမနက်တွင် သခင်လေးဆီမှ ဖုန်းဝင်လာသည်။

"ကိုကို ၊ ငါအဆင်ပြေတယ်၊ ငါအခု မျက်နှာသစ်နေလို့၊ မနက်ဖြန်ကျရင် ငါတို့ပြန်ရောက်လောက်ပါပြီ" လင်းမြောင် တစ်ဖက်ကဖုန်းကိုကိုင်ကာ တစ်ဖက်က မျက်နှာသုတ်တဘက်ကိုင်ထားရင်း ပြောလာသည်။

သခင်လေးက တစ်ခုခုပြောချင်နေသေးပုံရတာကြောင့် လင်းမြောင် ထပ်ထည့်ပြောလိုက်၏။ "ကိုကို ငါမှာအရေးကြီးလုပ်စရာရှိသေးလို့၊ ကိုကို့ကို နောက်မှပြောပြမယ်နော်"

သခင်လေးမှာ ဖုန်းကောလ်ကို စောစီးစွာအဆုံးသတ်လိုက်ရတော့သည်။ "အိုကေ၊ ငါမင်းကို နောက်ကျမှ ပြန်ခေါ်လိုက်မယ်"

လင်းမြောင် မျက်နှာအမြန်သုတ်ပြီး တံခါးအပြင်သို့ထွက်လာလိုက်သည်။

အမေဖြစ်သူမှာ အနည်းငယ်ခေါင်းရှုပ်သွားလျက် "ဆွေ့ဆွေ့ မနေ့ကမိုးရွာထားတယ်လေ၊ သမီးအပြေးလေ့ကျင့်ဖို့ သွားအုန်းမှာလား"

"ဟုတ်မေမေ သမီးမှာလုပ်စရာရှိလို့" လင်းမြောင် ပြန်ဖြေလာလျက် သူမလက်ထဲတွင် အိတ်တစ်လုံးကိုင်ထား၏။

လင်းမြောင်အမေက သူမ သူငယ်ချင်းအိမ်သို့သာ ထပ်သွားလည်တာဖြစ်မည်ဟုထင်ပြီး သူမသတိပဲ ပေးလာသည်။ "မနက်စာမစားခင် ပြန်လာဖို့ သတိရအုန်းနော်"

လင်းမြောင် ခေါင်းငြိမ့်ပြခဲ့လိုက်၏။

ဟင်းလင်းဖြစ်နေသာ ရှောင်လင်းအခန်းနှင့် ပျက်နေသည့် တံခါးသော့ရှေ့တွင်လူအများစုရုံးနေကြသည်။
"တစ်ယောက်ယောက်က သူ့ကိုကူညီလိုက်တာပဲဖြစ်ရမယ်"

"ခင်ဗျားတို့ကိုပြောသားပဲ မွေးစားတဲ့ကလေးနဲ့ အကျွမ်းတဝင်နေဖို့ မဖြစ်နိုင်ဘူးဆိုနေ၊ ဒီလောက် နှစ်တွေကြာပြီးတော့မှဗျာ သူထွက်ပြေးသွားပြီပေါ့လေ"

"သူက ရွာကနေတစ်ခါမှ ထွက်ဖူးတာမဟုတ်ဘူး၊ သူဒီကနေ ဝေးဝေးမသွားနိုင်လောက်သေးဘူး၊ သူ့ကိုသွားရှာရအောင်"

လင်းမြောင် လက်သီးတင်းတင်းဆုပ်လိုက်၏။ မကြောက်နဲ့ မကြောက်နဲ့၊ နင်က အခုလူကြီးဖြစ်နေပြီ။ သူမတွေးနေရင်း လူအုပ်ကြားထဲသို့ တိုးဝင်သွားလိုက်သည်။

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now