(Zawgyi)Chapter 46 : လက်မထပ်ဘူး

1.8K 116 2
                                    

Zawgyi

နှစ်သစ်ကူးပွဲတော်ဖြစ်သည့်အလျောက် ယုမိသားစုထံ လာရောက်လည်ပတ်ကြသူများရှိလေသည်။ အားလပ်ရက်တွေထဲမှ အရေးအကြီးဆုံးနေ့ရက်ဖြစ်သည်မလို့ သခင်လေးကို အပြင်ထွက်လာခဲ့ဖို့ ခေါ်ကြသူများရှိ၏။

သို့သော်လည်း လူကြီးတွေ ပျားပန်းခတ်နေတဲ့ကြားမှာ သူမနေလို။ သူနှင့်မရင်းနှီးသည့်သူများနဲ့ စကားစမြည်ပြောရတာမကြိုက်ပေ။

ဝရံတာတွင် ခွေးသုံးကောင်နှင့်အတူ တစ်ယောက်တည်းထိုင်ကာ ငြိမ်းငြိမ်းချမ်းချမ်း စာအုပ်ဖတ်လို့နေသည်။  ခွေးတွေက သူ့ဘေးမှာ တိတ်တဆိတ်လှဲလျောင်းနေကြသည်။တဟောင်က အိုမင်းလာချေပြီဖြစ်၍ တက်တက်ကြွကြွမရှိတော့ပဲ သိပ်မဆော့ချေ။

တစ်အောင့်ကြာတော့ သခင်လေး ခေါင်းမော့လာကာ ညကောင်းကင်ကို မျက်နှာချင်းဆိုင်လိုက်သည်။ ဆွေ့ဆွေ့ သူမဇာတိမြို့သို့ မနက် ၆နာရီက ထွက်ခွာသွားသည်ဖြစ်သဖြင့် အခုချိန်ဆို သူမရောက်နေလောပြီ။

သူမအဲ့ဒီမှာ ဘာတွေလုပ်နေမလဲ၊ တောင်ပေါ်မှာအေးနေမလား?

လင်းမြောင်သည် သူမမွေးဖွားခဲ့သည့်နေရာနှင့်ပတ်သတ်ပြီး အထူးသံယောဇာဉ်ရှိကြောင်း သခင်လေးသိ၏။ အပြင်လူများအဖို့တော့ ဒုက္ခသုက္ခတွေပြည့်နေတဲ့ နေရာတစ်နေရာလို့သာ မြင်ကြမည်ပင်။

ဒါပေမယ့် လင်းမြောင်ရဲ့နှလုံးသားထဲတွင်တော့ ယင်းနေရာသည် လုံးဝဥသုံဆန့်ကျင်ဘက်သာဖြစ်သည်။ သူမရဲ့မှတ်ဉာဏ်တွေထဲတွင် ရွာမှာရှိသမျှအရာအားလုံးတိုင်းက ခမ်းနားလှသည်။ သူမမှာ သူငယ်ချင်းတွေရှိပြီး နေရာတိုင်းမှာ မှိုတွေ၊ ထင်းခြောက်တွေရှိကာ ပျော်စရာတွေဖြင့်သာ ပြည့်နေလေသည်။

သခင်လေး အကြည့်တွေပြန်ရုတ်ပြီး အတွေးထဲသို့ နှစ်မြှပ်သွားသည်။

သူ့အတွေးတွေဟာ ဖုန်းမှရုတ်တရက်မြည်လာသံကြောင့် ပြတ်တောက်သွားရသည်။

သူ့ရဲ့အခမ်းဖော်တစ်ယောက်မှ သူ့ခွင့်ပြုချက်မရှိဘဲ သူ့ဖုန်းနံပါတ်ကို လဲသွားခဲ့လေသည်။ ထို့ကြောင့် ဒီနှစ်တွင် မရေမတွက်နိုင်သော ဆုမွန်ကောင်းတောင်းစာများ ရရှိခဲ့၏။

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now