Chapter 86

3.8K 516 8
                                    

Unicode

ကြိုးစားတဲ့ ကိုကြီးဆွေ့

ထိုညက လင်းမြောင် အဲ့ဒီအကြောင်းများကို နာရီပေါင်းများစွာ မပြီးနိုင်မစီးနိုင် စဉ်းစားနေခဲ့ပေမယ့် အကြောင်းမထူး။ သူမရဲ့ ထရိန်နင်တွေနဲ့ ပြိုင်ပွဲတွေကို လက်မလွတ်လိုက်နိုင်။ ပြိုင်ပွဲတွေကိုရော သူမရဲ့အသင်းဖော်တွေနဲ့ လေ့ကျင့်ရတာတွေကို ချစ်သည်။

ဒါပေမယ့် ယုကျင်းရွှမ်အတွက် ဒါတွေက မမျှတပေ။ ချစ်သူကောင်မလေးက သူ့ဘေးနားမှာ အမြဲတမ်းရှိမနေနိုင်ပဲ တစ်နှစ်လုံးနေမှ အကြိမ်အနည်းငယ်လောက်သာ မြင်ရတွေ့ရသည်။

၎င်းညတွင် ဦးနှောက်က အတွေးများဖြင့်ရှုပ်ထွေးနေသာအကြောင်းရာမျိုးစုံကို သူမ အိပ်မက်ဆိုးများအဖြစ် မက်ခဲ့ရသည်။

နောက်တစ်နေ့တွင် လင်းမြောင် နေမကောင်းဖြစ်လို့သွားသည်။ ထျန်ကျင်းမှာ နိုးနိုးလာချင်း ပထမဆုံးသောအကြိမ်အဖြစ် လင်းမြောင်အပြင်က ပြန်လာတာမတွေ့ရပဲ အိပ်ရာပေါ်တွင်ရှိနေသးသည်ကို မြင်တွေ့လိုက်ရ၏။

ထျန်ကျင်း သူမနဖူးကို စမ်းကြည့်လိုက်တော့ “အရမ်းပူနေတာပဲ၊ ကိုကြီးဆွေ့ နင် ဖျားနေပြီ၊ ငါနည်းပြကြီးကိုသွားပြောအုန်းမယ်”

“ငါဘာမှမဖြစ်ဘူး” လင်းမြောင် မအီမသာဖြင့် ပြောလာသည်။

နည်းပြကြီးက နေ့မကောင်းဖြစ်လျက်နှင့် သူမကို လေ့ကျင့်ရေးလုံးဝမဆင်းခိုင်း။ ထို့ကြောင့် ဆေးရုံကို အမြန်ပို့ပြီး လင်းမြောင်ရဲ့ မိသားစုထံဆက်သွယ်လေသည်။

နည်းပြကြီး အရင်ဆုံးဆက်သွယ်လိုက်သည်က ယုကျင်းရွှမ်ကို ပင်ဖြစ်ပါ၏။ သူမရဲ့ အစ်ကိုရင်းဟုသာ ထင်ပြီးတော့ပေါ့။ လင်းမြောင်ဆီကို သူ ခဏခဏလာတတ်ပြီး နည်းပြကြီးကလည်း အင်တာနက် သိပ်မသုံးလေတော့ ယုကျင်းရွှမ်က သူအရင်ဆုံးဖုန်းခေါ်မိတဲ့သူ ဖြစ်လာရသည်။

ဖုန်းတစ်ဖက်မှ ယုကျင်းရွှမ်က သူခဏနေရောက်လာမယ်ဆိုတဲ့အကြောင်းနှင့် လင်းမြောင်ကို ဂရုစိုက်ထားပေးတဲ့အတွက် နည်းပြကြီးကို ကျေးဇူးတင်ကြောင်း ပြောလာခဲ့သည်။

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Donde viven las historias. Descúbrelo ahora