Episode 25 Unicode

Start from the beginning
                                    

"စုတေးသာ ငါတို့သွားကြတော့မလား"

စုတေးသာကို ကပ်ပြောနေတဲ့ ယုယကို အန္ဒရီယာက သေချာကြည့်သည်။ နောက်ပြီးသူ့ဆံပင် နီစွေးစွေးတွေကို သပ်သင်သေးသည်။

"ဟိတ် ယုယ ဟိုရောက်ရင် ဖုန်းခေါ်လိုက်"

အန်ဒရီယာကို ယုယ ပြုံးပြလိုက်ရင်း စုတေးသာကို လက်မောင်းကနေ မလာရသည်။ မဟုတ်ရင် ဒင်းက ပါးစပ်ကနေသာပြန်မယ်ပြောတာ လူက ထိုင်ခုံကတောင် ကြွတော့မည်မဟုတ်။

"အေးပါဟ ခုတော့သွားပြီဘိုင့်"

စုတေးသာနဲ့ ယုယကို ပြုံးကာပြသည့် အန်ဒရီယာကို ယုယတို့လည်း ရယ်ပြခဲ့မိသည်။ ထို့နောက်တွင်တော့ အန်တီရှိရာဆီသို့သာ ခပ်သွက်သွက်လာမိသည်။

"ကဲသွားကြတော့ ကလေးတွေ လေယာဉ်ထွက်တော့မယ် "

ယုယ လက်ထဲက နာရီကိုငုံကြည့်မိတော့ အချိန်သည် ညနှစ်နာရီထုးိလုနီးနီးပင်။ အန်တီ့ကို နူတ်ဆက်ရန် ရှေ့ကို အနည်းငယ်ကုန်းမိသည်။ ဒါကိုပင် အလိုက်တသိဖက်လာသည့် အန်တီ့ကို ယုယ ခပ်ဖွဖွဖက်ထားမိသည်။ လန်ဒန်သို့ စစရောက်လာတုန်းက အချိန်တောင်လွမ်းမိပါရဲ့။ တစ်ပြိုင်နက်တည်း တီချယ့်လည်ပင်းကိုလည်းလွမ်းမိပါရဲ့၊ ဒီနေရာလိုမျိုးမှာ လန်ဒန်သို့ ယုယ မသွားခင် တီချယ့်လည်းပင်းအား ''ဖိ''နမ်းခဲ့သေးသည် မဟုတ္လား။ အဲ့တုန်းကတော့ ရန်ကုန်လေဆိပ်အတွင်းမှာပေါ့။

"သွားပြီ အန္တီ ဂရုစိုက်ပါ"

"သမီးကောနော်"

အန်တီ့ကို ကော်ဖီဆိုင်မှာ ထားခဲ့ရင်း စုတေးသာနဲ့အတူ နှစ်ယောက်သား လေယာဉ်ပေါ်သို့ တက်ရန်သွားမိသည်။ လေယာဉ် ပေါ်ရောက်ရောက်ခြင်း မိမိပတ်ထားသည့် နာရီအညိုရောင်နဲ့ကြိုးလေးကို ပွတ်သပ်မိသေးသည်။ မြန်မာပြည်ပြန်ရမှာ လြန္စြာ ရင်ခုန်နေမိသည်။ အထူးသဖြင့် တီချယ်ရှိရာဆီသို့ သွားရမှာကို ပြောမပြတက်အောင် ရင်ခုန်နေမိသည်။ ကိုယ့်အဖြစ်ကို ပြန်တွေးမိတော့ တစ်ယောက်သောသူအား အားနာမိပါရဲ့။

...~~

"တင်ရေ သမီးငယ် မလာသေးပါလား"

"လာမှာပေါ့ရှင်ရယ် ထိုင်နေစမ်းပါ"

တီခ်ယ္က ဆည်းလည်းလေး Where stories live. Discover now