"ယုယ ကလေးကို ပေးစရာရှိလို့ကွယ်"

သူမရဲ့မိုးပြာရောင်အိတ်ထဲက အလောတကြီးပစ္စည်းတစ်ခုခုအား ထုတ်နေသည့် တီချယ့်ကို ယုယ အချစ်ပိုရပါသည်။

"စာ"

ယုယ လက်ထဲသို့ ထိုးထည့်လာသည့် မိုးပြာရောင်စာအိတ်လေး တစ်ခု။

"ဒီစာက"

ယုယ နားမလည်စွာ တီချယ့်ကိုမေးမိတော့ တီချယ်ကပြုံးနေလေသည်။

"အင်း သမီး ဟိုရောက်လို့ရင် ဖတ်ဖို့တွက်လေ"

ယုယ တီချယ့်ကို ခပ်ငေးငေးကလေး စိုက်ကြည့်နေမိသည်။ လက်ထဲက အပြာနုရောင် စာအိတ်လေးကို ကျစ်နေအောင် ဆုပ်ထားမိသည်။

"ဟိုရောက်လို့ရင် တီချယ်ပေးထားတဲ့ လက်စွက်ကိုဝတ်ရမယ်နော်"

"ဟုတ် သမီးသေချာဝတ်ပါ့မယ်"

"အင်း တို့တော့ မင်းကို လွမ်းနေရတော့မှာပဲကွယ်"

အဖျားနားမှာ အနည်းငယ်တိမ်ဝင်သယောင် ဖြစ်သွားတဲ့ တီချယ့်ရဲ့ အသံကို ယုယ သတိထားမိပါသည်။

"ဖုန်းဆက်လေ သမီးကို သတိရတိုင်း ကောင်းကင်ကကြယ်တွေကိုကြည့်လိုက်ပါ။ မိုးကောင်ကင်ရဲ့ တနေရာမှာတော့ တီချယ့်တွက် သမီး ရှိနေပါမယ်။"

ယုယ စကားအဆုံးတီချယ်က ခေါင်းငြိမ့်ပြသည်။ ဒီတစ်ခါလည်း တီချယ့် မျက်ဝန်းထဲမှာ ရွက်ကြွေတွေ။

" အန်တီ "

ယုယရဲ့ ထူးဆန်းစွာအခေါ်ကြောင့် မြဝတ်ရည်မေတစ်ယောက် ယုယကို တအံ့တသြကြည့်မိသည်။

"အဲ့လိုလေး မသွားခင်ခေါ်သွားခဲ့ချင်လို့လေ "

'' သမီးလေးသာ ခေါ်မယ်ဆို အန်တီခွင့်ပြုပါတယ်။ ပြန်လာရင်လည်းအဲ့လိုလေးခေါ်မလား"

ထိုသို့ပြောပြန်တော့ ယုယက ချစ်စရာကောင်းအောင် နှာခေါင်းတစ်ချက်ရူံပြသည်။ ခနနေတော့မှ သူ့ရဲ့ပကတိအပြုံးလေးဖြင့်ပြုံးသည်။

"တစ်ခါတလေပဲ ခေါ်ချင်တာ တီချယ်က သမီးရဲ့ဆရာမမို့ တီချယ်လို့ပဲခေါ်မယ်။ ငရဲကြီးမှာကြောက်တယ်"

ချစ်စဖွယ် ယုယရဲ့ အပြောကြောင့် မြပင် ဟန်မဆောင်နိုင်စွာ ရယ်မိပါသည်။ လွမ်းနေရတော့မှာပဲကွယ်။

တီခ်ယ္က ဆည်းလည်းလေး Where stories live. Discover now