"တီချယ် ယုယကို ချစ်သလား"

ယုယ အသံအဆုံး အရာဝတ္တုများ ရုတ်ချည်းတိတ်သွားသလို တီချယ်တစ်ယောက်လည်း ငြိမ်ကျသွားသည်။ ပန်းမပန်ထားတဲ့ တီချယ်က လှသည်။ ပန်းပန်ထားလျှင် ပိုလှသည်။

"ယုယ ကလေး"

အချိန်အတော်ကြာမှ ထွက်လာတဲ့အသံ။ ယုယ နားထဲမှာ လေတွေ တိုက်ခတ်နေသလိုပင်။

"ယုယ ပြန်လာရင် တီချယ် အဖြေပေးမယ်ပြောထားတယ်လေကွယ်"

"ယုယ သိပါတယ် "

နှစ်ကိုယ်ကြားတိတ်သွားပေမဲ့ တီချယ်က ကြောင်ပေါက်လေးတစ်ကောင်လို ယုယ ရင်ခွင်ထဲ ပိုတိုးဝင်လာသည်။ ချစ်လိုက်ရတာ။

"အဖြေတွေကို မရုတ်သိမ်းနဲ့နော်"

"ဘယ်တော့မှ မရုတ်သိမ်းဖူး"

ခုနေ တီချယ့်ဆီက ယုယ ကြားရမည့်အဖြေက ချစ်တယ်ဆိုတဲ့အဖြေပင်။ သို့ပေမဲ့ ယုယ ပြန်ရောက်လာမှ ဒီအဖြေပြောင်းသွားမည်ကို ကြောက်တာကြောင့် ခုလိုပြောမိခြင်းသာ။ တီချယ့်ပါးတွေကို တစ်ဖက်ဆီ အကြိမ်ကြိမ် နမ်းမိသည်။

"နမ်းလို့မဝသေးဖူးလား တော်လောက်ပြီတော့ထင်တယ်နော်"

'' မဝပါဖူး ဒီလောက်နူးညံ့တာကို သမီးကြိုက်တယ်"

"အား နာတယ် ဘာလုပ်တာလဲ တီချယ်မြရဲ့"

ယုယ ဗိုက်ကို လိမ်ဆွဲလာတဲ့ တီချယ့်လက်တွေကို ယုယ ကိုင်ထားမိသည်။ ကျန်တဲ့ လက်တစ်ဖက်ကလည်း နာသွားတဲ့ဗိုက်ကို ပွတ်နေမိသည်။

"အမြင်ကပ်လို့ "

ယုယ ရယ်သံကြီးက အခန်းတွင်းပြန့်နှံသွားသည်။ တီချယ့်ဆီက မျက်စောင်းတွေကတော့ တရေစပ်လက်ခံရရှိပါသည်။

"ယုယ ကလေး မပြန်တော့ဖူးလား "

အတင်းကို ပြန်ခိုင်းနေတဲ့ တီချယ်ကြောင့် ယုယ ပြုံးပြုံးလေးသာ ခေါင်းခါပြမိသည်။ အနေအထားက ယုယ ပြန်မည်မဟုတ်။

''သီချင်းနားထောင်ကြမလား"

ယုယ အပြောကို တီချယ်က ခေါင်းငြိမ့်ပြသည်။ ချစ်လွန်းပိုတာကြောင့် တီချယ့် ခါးကိုအနောက်ကနေဖက်လျက်သားဖြင့် တစ်ခုတည်းသောရှိသော ကတ်ဆက်ဆီသို့ ခြေလှမ်းတွေဦးတည်မိသည်။ ခြင်းနီလေးထဲက တိပ်ခွေကိုယူကာ တစ်ချက်ကြည့်မိသည်။ သေချာသည် ခု ယုယ ဖွင့်မယ့်သီချင်းကြောင့် တီချယ် ပြုံးနေဦးမည်ဆိုတာ။

တီခ်ယ္က ဆည်းလည်းလေး Where stories live. Discover now