အပိုင်း ၈၁

Start from the beginning
                                    

အဲ့စကားတွေ ထွက်လာတော့ ကျင်ယာကျန်း အပြုံးက တောင့်သွားတယ်။

အဲ့ကိစ္စဖြစ်သွားတာ ရက်အနည်းငယ်ဘဲ ရှိသေးတာဖြစ်ပြီး အဲ့တာက ပူပူနွေးနွေး ခေါင်းစဉ်ဖြစ်နေတုန်းဘဲ။

ကျင်ယာကျန်း လူတွေက သူမ အရှက်ရတာကို မြင်ချင်တယ်ဆိုတာလည်း သိတယ်။

ဒါပေမယ့် ဒါက ရှရှီပေ သူမကိုယ်သူမ အရူးလုပ်တာကို ကြည့်ဖို့ သူမ(ကျင်ယာကျန်း) ကို မတားနိုင်ဘူး။

ပြီးတော့ ရှရှီပေ သူမကိုယ်သူမ အရူးလုပ်ဖြစ်ခဲ့ရင် လူတိုင်းရဲ့ အာရုံက သူမဆီက လွဲသွားမှာ။

မမျှော်လင့်စွာနဲ့ဘဲ ရှရှီပေ သူမ စကားစပြောပြောချင်းကို သူမ အားနည်းချက်ကို လာအစဖော်နေတယ်။

"နေဦး ငါ ယန်ရွှမ့်ကို အရင်အပတ်က တွေ့သေးတယ် သူ ဒဏ်ရာရနေပုံဘဲ နင် ဘာလို့ သူ့ကို ဂရုမစိုက်ရတာလဲ? သူက နင့်အတွက်နဲ့ ပိုက်ဆံအများကြီး ကုန်ထားတာ နင်ဘာလို့ အဲ့လောက် နှလုံးသားမရှိရတာလဲ?"

အဲ့စကားတွေက ကျင်ယာကျန်းကို....ကြက်သေသေသွားစေတယ်။

"နင်....နင်ဘာပြောနေတာလဲ?!" သူမကိုယ်သူမပြန်တည်ငြိမ်အောင်ထပြီးတော့ သူမ ရှက်စိတ် ဒေါသစိတ်တွေ မွှန်ကုန်တယ်။ "ငါနဲ့ သူနဲ့က ဘာမှမဟုတ်ဘူး!"

"တကယ်?" ရှရှီပေ လူယုတ်မာအပြုံးနဲ့ သူမဖုန်းကို ထုတ်လိုက်တယ်။

ရှရှီပေ ကိုင်ထားတဲ့ နောက်ဆုံးပေါ်ဖုန်းကို မြင်ပြီး ကျင်ယာကျန်းခေါင်းထဲ ချက်ချင်း မေးခွန်းတစ်ခု ပေါ်လာတယ်။ ရှရှီပေ ဒီလိုဖုန်းကို ဝယ်ဖို့ ဘယ်က ပိုက်ဆံရတာလဲ?

ဒါပေမယ့် မကြာခင်မှာဘဲ သူမ အဲ့ကိစ္စကို တွေးဖို့
စိတ်မရှိတော့ဘူး။ ဘာလို့လဲဆိုတော့ ရှရှီပေ ဓာတ်ပုံအယ်လ်‌ဗန်ကို ဖွင့်ပြီး ပုံတစ်ခုကို နှိပ်လိုက်လို့ဘဲ။

"နင်တို့နှစ်ယောက် ဒီထဲမှာ ဒီလောက် နီးကပ်နေတာ အဲ့တာကို နင်က သူနဲ့ ဘာမှမပတ်သတ်ဘူးပေါ့?"

ကျင်ယာကျန်း ဓာတ်ပုံကိုမြင်တော့ သူမမျက်လုံးတွေ ကျုံ့သွားပြီး သူမ နှလုံးတစ်ချက်အခုန် ရပ်သွားတယ်။

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now