Episode 13 Unicode

Start from the beginning
                                    

"သမီး ဘာများနားမလည်တာလဲ"

အခန်းထဲရောက်ရောက်ချင်း မေးလာတဲ့ တီချယ့်ဆီက အသံပင်။ တည်ငြိမ်သယောင်ယောင်နဲ့ တုန်ရီနေပြန်သည်။ ခက်သည်။

"မရှိပါဖူး ဒီအတိုင်း တီချယ့်ကို အခန်းထဲမှာထားချင်လို့ ယုယ စာကျက်တာကို စောင့်ပေးမယ်မလား "

"ဟုတ် စောင့်ပေးမှာပေါ့"

တီချယ့်အသံများသည် အဖျားနားမှာ တုန်နေသယောင်ယောင်ပင်။ ယုယပင် အထင်မှားသည်လား။

"ညနေမှပြန်လေ ခုစောသေးတယ် ပြန်ရင် ယုယ လိုက်ပို့မယ် ဒါနဲ့ နေကပူတယ်လေ ဘာလို့လာရတာလဲ နေရိပ်မှလာပြီးရော"

စားပွဲပေါ်တင်ထားတဲ့ နန်းကြီးသုတ်တွေကို ယုယက ကြည့်၍ပြောသည်။ ဒီကလေးကို လွမ်းလွန်းလို့ မနေနိုင်စွာ ရောက်လာတဲ့ မိမိ အဖြစ်ကိုပင် ရှက်ရမည်လား။ ငိုရမည်လား မတတ်ခဲ့ပါ။

"ဒီအတိုင်းပါပဲ သမီးစာလုပ်လေ တီချယ်ဒီမှာထိုင်နေမယ်"

ကုတင်ပေါ်တက်ထိုင်လိုက်တဲ့ တီချယ့်ကို ယုယ ကြည့်ကာ ပြုံးသာပြုံးပြမိသည်။

"နန်းကြီးသုတ်တော့ ထိုင်စားနေလေ မဖြစ်သေးပါဖူး လာ သမီးအနားပဲလာထိုင်"

ကုတင်ဘေးက ပိုနေတဲ့ ထိုင်ခုံကို ယုယ အနားသို့ ဆြဲကာ ထားလိုက်ရင်း တီချယ့်ကို ခေါ်ရသည်။ မဆိုင်းမတွ ထလာတဲ့ တီချယ့်ကို ကြည့်ရင်း ငေးရသည်။ တီခ်ယေ္ကတာ့ သူ့ကို တွေတွေလေးကြည့်တတ်သည်။ ယုယေကတာ့ တီချယ့်ကို ဆွေးဆွေးမြေ့မြေ့ လောင်ကျွမ်းစွာ ငေးရသည်။

"နန်းကြီးသုတ်ကောင်းတယ်မလား မအီအောင် ရှောက်သီးပါညစ်ထည့်ထားတာ တီချယ်ပဲစားနော် ယုယက စာကျက်ရင် မေ့ပြီးမစားဖြစ်တော့ဖူး အဲ့ကျရင် နန်းကြီးသုတ်တွေက ပြေနရာပဲ"

ပြောပြီးသည်နှင့် ဟက်ခနဲရယ်ချသည့် ယုယကို တီခ်ယ္က ကြည့်နေပြန်သည်။ ပြတင်းတံခါးတို့က ဝင်လာတဲ့ လေတို့ကြောင့် ခေါင်းစည်းကွင်းဖြင့် ခပ်ဖွဖွစည်းထားသည့် တီချယ့်ဆံနွယ်တို့ လွှင့်မျောနေသည်။ ရှေ့သို့ ဝဲကျနေတဲ့ ဆံနွယ်ကအစ တီချယ်ကလှသည်။ မျက်လုံးချင်း ဆုံးမိတိုင်းလည်း ယုယ အငွေ့သာပြန်သွားချင်မိတဲ့ထိ တီချယ်ကလှသည်။ ချောပါသည်။

တီခ်ယ္က ဆည်းလည်းလေး Where stories live. Discover now