💧Part (23)💧ရှန်းစစ်ကျောင်းထဲဝင်ခြင်း

1.3K 204 0
                                    

Because of you

                       💧(23)💧
              [ရှန်းစစ်ကျောင်းထဲဝင်ခြင်း]

"ဟားဟား အစ်ကိုကကျွန်တော့်ထက်တောင် သွတ်နေတာပဲ.... ဒါဆိုလည်း သွားပြီဗျာ"

        မုန့်ချွေ့လည်း ကြက်ကင်စားချင်စိတ် ဖြစ်လာတာကြောင့် ကြက်ကင်တစ်ကောင်နဲ့ အသီးအရွက်ကြော် နည်းနည်း ၊ ဝိုင်းတစ်ပုလင်း၊ ထမင်းဖြူနှစ်ခွက် မှာကာ ငွေရှင်းလိုက်သည်။ စုစုပေါင်း ငွေစ၃၀ ကျသင့်သွား၏။

        ဒီတစ်ခါတော့ သူကပ်စေးကုပ်မနေတော့ဘဲ ချက်ချင်း ရှင်းပေးလိုက်သည်။ အခန်းထဲ ပြန်ရောက်တော့ ရွယ်ကန်ကျန်းက ရေချိုးပြီးလို့ အဝတ်အစား အသစ်တစ်ထည်ကို လဲနေလေပြီ။

"ကိုကို.... ဘယ်လိုလဲ အဆင့်ဘယ်လောက် ရောက်သွားပြီလဲ"

        တစ်ဖက်လူ အပေါ်ပိုင်းဗလာကျင်းနဲ့ အကျီလဲနေတာကိုပင် ဂရုမထားတော့ဘဲ ရွယ်ကန်ကျန်းရှေ့ ပြေးရပ်ကာ မေးလိုက်တော့သည်။ သူ့ရဲ့ မျက်လုံးတောက်တောက်လေးများက ရွယ်ကန်ကျန်း အဆင့်၃၀ကို ကျော်ဖြတ်ဖို့ ဆုတောင်းနေပုံဖြင့်။

         ရွယ်ကန်ကျန်းက အကျီဝတ်ပြီး ခါးစည်းကြိုး ချည်နေရင်း မုန့်ချွေ့ရဲ့ အသည်းယားစရာ မျက်နှာလေးကို ကြည့်နေသည်။

"အရမ်းသိချင်နေပုံပဲ"
"ဒါပေါ့.... ကျွန်တော်က ဒီကမ္ဘာမှာ အင်အားအကြီးဆုံးသူဆို ကိုကို့ကိုပဲ ဖြစ်စေချင်တာ .... ပြောပြ ဘယ်လောက်ရောက်သွားပြီလဲ?"

"၃၂...."
"တကယ်?.... ဝါး..... တစ်ညတည်းနဲ့ ၁၀ဆင့်တောင် တက်လာတာပေါ့"

"အင်း.... မင်းအရမ်းပျော်နေရင် ကိုယ့်ကိုဆုချလေ"
"ဒါပေါ့.... ကျွန်တော် စောစောကလေးတင် ကိုကို့အတွက် နေ့လည်စာ သွားမှာထားပြီးပြီ"

        ရွယ်ကန်ကျန်းက ခေါင်းခါပြလေသည်။

"ကိုယ်ပြောတာ အဲ့ဒီဆုမဟုတ်ဘူး.... မင်းကကိုယ့်ကို တော်တယ်လို့ ချီးကျူးပြီးတော့ ရထားလုံးပေါ်မှာ မင်းကိုယ့်ကို.... "

        ရွယ်ကန်ကျန်းရဲ့ ပါးစပ်ကို မုန့်ချွေ့ လက်နဲ့လှမ်းပိတ်လိုက်ရသည်။ အခန်းထဲမှာက သူတို့နှစ်ယောက်တည်း ဆိုပေမယ့် အခန်းအပြင်မှာကတော့ သူတို့နှစ်ယောက်ပဲ မဟုတ်ဘူးလေ။ ဘေးအခန်းမှာကလည်း ချွမ်သွမ်း နဲ့ ဟန်ခဲ့တို့ ရှိနေသည်။

Because of you (Complete)Where stories live. Discover now