💧Part (33)💧နီရဲနေတဲ့နားရွက်လေး

1.3K 204 0
                                    

Because of you

                      💧(33)💧
           [နီရဲနေတဲ့နားရွက်လေး]

       ရွက်ဖျင်တဲ တစ်ခုထဲမှာတော့ မုန့်ချွေ့သည် သူ့ခန္ဓာကိုယ်ထဲမှာ အကြာကြီး နေခဲ့တဲ့ စိန်ပွင့်ကို လက်ဝါးထဲထည့်ကာ ဖင်တစ်ပြန် ခေါင်းတပြန် ကြည့်နေ၏။ စိန်ပွင့်ဆိုပေမယ့် ထိုအရာက ခရစ်စတယ်ကျောက်တစ်ခုနဲ့ ပိုတူသည်။

"ချွေ့အာ.... မင်းအဲ့ဒါကို ကြည့်နေတာ မိနစ်၃၀လောက် ရှိပြီ"

        ရွယ်ကန်ကျန်းက အပေါ်ဝတ်ရုံကို ချွတ်ရင်းက ပြောလိုက်သည်။

"ဟုတ်တယ်.... ကျွန်တော် ထင်နေတယ်"
"ဘာထင်တာလဲ"

"ဒီဟာက မီးအမြုတေရှစ်ခုလုံးကို ခွဲထွက်သွားစေခဲ့တဲ့ ဒီကမ္ဘာရဲ့ အမြုတေကြီးလားလို့လေ...."
"အဲ့ဒါက?"

"အင်း.... ကိုကို စဥ်းစားကြည့် တကယ်လို့ ကျွန်တော်တို့က ဒီတာဝန်တွေ ပြီးမြောက်သွားလို့ အပြင်ကို ပြန်ထွက်မယ်ဆိုရင် သေချာပေါက် မီးအမြုတေကို ထားခဲ့ရမှာပဲလေ.... အဲ့တာကို ဘယ်မှာထားခဲ့ရမှာလဲ တခြားလူဆီမှာလား မဖြစ်နိုင်ဘူး ကျွန်တော်ထင်ထာတော့ သူ့ရဲ့မူရင်း အမြုတေထဲမှာပဲ ပြန်ထည့်ခဲ့ရမှာ"

        ရွယ်ကန်ကျန်းက ခေါင်းတဆက်ဆက် ညိတ်ပြပြီး မုန့်ချွေ့ဘေးနားမှာ ထိုင်လိုက်သည်။

"အဲ့ဒါတွေကို ဝိညာဥ်မြို့တော်ရောက်ရင် သေသေချာချာ သိရမယ်လို့ ကိုယ်ထင်တယ်.... ပြီးတော့ အချိန်မရှိတော့ဘူး မင်းအိပ်သင့်ပြီ"
"ကျွန်တော် ဒါကိုနည်းနည်းလောက်ထပ်ပြီး....."

        မုန့်ချွေ့ စကားမဆုံးလိုက်ခင်မှာပဲ စိန်တုံးကို ရွယ်ကန်ကျန်းက ဆွဲယူသွားပြီး မုန့်ချွေ့နဖူးထဲဲ ပြန်ထည့်လိုက်သည်။ ပြီးနောက် မုန့်ချွေ့လက်မောင်းနှစ်ဖက်ကို ဆုပ်ကိုင်ကာ အိပ်ရာပေါ် လှဲချပေး၏။ တစ်ဆင်တည်း စောင်ပါခြုံပေးလိုက်သည်။

"အိပ်တော့....."
"ကိုကိုကကော?"

"ကိုယ်ခဏလောက် လေ့ကျင့်လိုက်အုံးမယ်"
"သူကျတော့ မအိပ်ဘူး.... အဆင့်က ၆၁တောင် ရောက်နေပြီဟာကို ခဏလောက် နားလိုက်လည်း ကိစ္စမရှိပါဘူး..... လာ ကျွန်တော့်ဘေးနားမှာ လာအိပ်!"

Because of you (Complete)Where stories live. Discover now