💧Part (21)💧အသက်သလင်းပျက်စီးခြင်း

1.3K 212 0
                                    

Because of you

                      💧(21)💧
           [အသက်သလင်း ပျက်စီးခြင်း]

        ရွယ်ကန်ကျန်း မြှားကို ကောင်းကင်သို့ ထောင်ပစ်လိုက်သည်။ အပြာရောင် မီးတောက်များ ဟုန်းဟုန်းတောက်နေသော မြှား ကောင်းကင်သို့ ထိုးတက်သွားသော အသံသည် သားရဲတစ်ပိုင်း နဲ့ အသက်သလင်းကို လုယူရန် လာကြသော ကျင့်ကြံသူများ၏ အာရုံကို ဆွဲဆောင်သွား၏။

        သူတို့အားလုံး ကောင်းကင်ကို ထိုးတက်သွားသော မြှားအား မျက်လုံးမျက်စံပြူးလျက် လိုက်ကြည့်နေကြစဥ် မြေပြင်ထက်က ရွယ်ကန်ကျန်းသည် လက်စည်းတံဆိပ် ပုံဖော်၍ မြှားတစ်စင်းကို ရာနဲ့ချီသော မြှားများအဖြစ်သို့ ပြောင်းလဲပစ်သည်။

"ဝါး...... ကိုကို အရမ်းတော်တာပဲ"

        ဘယ်အခြေအနေ ရောက်ရောက် ရွယ်ကန်ကျန်းကို ချီးကျုးပေးဖို့ မမေ့တဲ့ တစ်စုံတစ်ယောက်ကတော့ ရှိနေသေးသည်။ မီးတောက်မြားတွေ မြေပြင်သို့တစ်ဖန် သက်ဆင်းလာသောအခါ အဖြူရောင် ကျင့်ကြံသူများသည် ဓားရှည်များကို ဆွဲထုတ်ကာ မြားများကို ခုခံကာကွယ်ရတော့သည်။

       အရိုးခေါင်းပုံနဲ့ ကျင်ကြံသူသည် ရေခဲရုပ်ထု ဖြစ်သွားသော သူဂိုဏ်းသားတစ်ချို့နဲ့ သားရဲတစ်ပိုင်းများကို ကြည့်ကာ အံ့သြတုန်လှုပ်သွားသည်။ ဘယ်သူက ရေခဲသိုင်းကျင့်စဥ်ကို ဒီလောက်ထိ တက်စွမ်းနေရတာလဲ။

"ရေခဲသိုင်းကျင့်စဥ်လား..... ရောက်လာသူက ဘယ်သူလဲ မင်းထွက်လာခဲ့"

"ဘယ်သူက ရေခဲသိုင်းကျင့်စဥ်လို့ ပြောလို့လဲ"

        ရွယ်ကန်ကျန်းသည် မုန့်ချွေ့ကို ခါးကနေမချီကာ ထိုကျင့်ကြံသူထံသို့ ပေါ့ပါးစွာ ပျံသန်းလာ၏။ အရိုးခေါင်းပုံကြီး၏ ခြေရင်းတွင် ရပ်နေသူသည် ရွယ်ကန်ကျန်း နဲ့ မုန့်ချွေ့၏ ဖုံးကွယ်ထားသော မျက်နှာကို သည်းကြီးမဲကြီး စိုက်ကြည့်နေကာ သူတို့၏ ကျင့်ကြံခြင်းအဆင့်ကိုလည်း အကဲခတ်နေသည်။

        ရွယ်ကန်ကျန်းရဲ့ အဆင့်က တိုက်ခိုက်ရေးအဆင့် ၂၀ လောက်သာရှိတာကြောင့် သူ့ရှေ့ကိုထွက်လာပြီး တိုက်ခိုက်ဖို့ စိန်ခေါ်နေဟန်ရှိသော ကလေးသာသာ လူနှစ်ယောက်ကို ထိုသူက ခါးသက်သက် ရယ်ပြလိုက်၏။

Because of you (Complete)Where stories live. Discover now