💧Part (45)💧ကိုယ်တို့အရင်ကတွေ့ဖူးလား

1.3K 193 10
                                    

Because of you

                      💧(45)💧
           [ကိုယ်တို့အရင်ကတွေ့ဖူးလား]

'တောက် တောက်'

        စာလုပ်နေတဲ့ တုလင်ရဲ့လက်ဘေးကို တစ်စုံတစ်ယောက်က လက်ဆစ်နဲ့ တောက်လာ၏။ တုလင်သာမက မုန့်ချွေ့လည်း ထိုသူအား မော့ကြည့်လိုက်သည်။ စီနီယာတန်းကလို့ ထင်ရတဲ့ ကျောင်းသားတစ်ယောက်ပဲ။

        သူတို့တွေ့ဖူးတဲ့လူတွေထဲကတော့ မဟုတ်ပေ။ ထိုကျောင်းသားက စက္ကူအိတ်ကလေး တစ်အိတ်ကို တုလင်စားပွဲပေါ် တင်ပေးရင်း။

"ငါတို့ အစ်ကိုကြီးက မင်းအတွက် ပေးလိုက်တာ?"
"ငါ?"

"ဟုတ်တယ်"

        တုလင် စက္ကူအိတ်ထဲကို ကြည့်လိုက်တော့ ပူပူနွေးနွေး ပေါက်စီလေးနှစ်လုံး။ တုလင် ကြောင်သွားသည်။ ဒီကျောင်းမှာ သူခင်တာဆိုလို့ ဟောက်ဖန်းနဲ့ မုန့်ချွေ့ပဲရှိတာကို ဘယ်သူကဒါတွေ ပေးလိုက်တာလေ။ ဟောက်ဖန်းတော့ မဖြစ်နိုင်ရာ။

        တုလင် ခေါင်းမော့ကြည့်လိုက်တော့ ပေါက်စီလာပေးသူက အခန်းထဲက ထွက်သွားနေပြီ။ တုလင် စက္ကူအိတ်ကိုယူ၍ ထိုကျောင်းသားနောက်ကို ပြေးလိုက်သွားလေသည်။

"ရွှယ်ကျန်း....."

        ကျောင်းသားက ပြန်လှည့်ကြည့်လာသည်။ မျက်နှာထားကတော့ ခပ်ချေချေပဲ။ တုလင် စက္ကူအိတ်ကို ပြန်ပေးရင်း။

"ကျွန်တော် လက်မခံနိုင်ပါဘူး.... ကျေးဇူးပြုပြီး ပြန်ယူသွားလိုက်ပါ"
"မင်းက ဘာဖြစ်နေတာလဲ... ငါတို့အစ်ကိုကြီးဆီက မျက်နှာသာပေးခံရတာတောင် လေးစားမှုမရှိဘူးလား?"

        သူ့အသံက နည်းနည်း ကျယ်သွားတာကြောင့် တုလင်ပုခုံးလေး တစ်ချက်တုန်သွား၏။ နံရံအကွယ်ကနေ ချောင်းကြည့်နေတဲ့ အော်ပင်း စုတ်တစ်ချက်သပ်လိုက်တော့သည်။ သူက အေးအေးဆေးဆေး ပေးခဲ့ဖို့ပဲပြောတာ။ အော်ငေါက်ခိုင်းတာ မဟုတ်ဘူးလေ။

        တုလင်က စကားပြန်မပြောတော့ဘဲ ခေါင်းကိုသာငုံ့ထားပြီး စီနီယာကျောင်းသားကို ပေါက်စီထုပ်လေး ပြန်ပေးနေ၏။ ထိုအချိန်တွင် မုန့်ချွေ့ရောက်လာသည်။ သူက ပေါက်စီထုပ်ကိုယူ၍ စီနီယာကျောင်းသားရဲ့ ရင်ခွင်ထဲ ပစ်ထည့်ပေးလိုက်၏။

Because of you (Complete)Where stories live. Discover now