💧Part (3)💧ထွက်ပြေးခြင်း

1.7K 241 3
                                    

Unicode
Because of you

                       💧(3)💧
           [ထွက်ပြေးခြင်း]

      မုန့်ချွေ့ ဆေးပုလင်းကိုဖွင့်ပြီး ဖြူဖွေးနေတဲ့ ဆေးလုံးလေးတစ်လုံးကို ထုတ်လိုက်လေသည်။ ပြီးနောက် ဆေးလုံးကို ညင်ညင်သာသာ ကိုင်ကာ ရွယ်ကန်ကျန်း မျက်နှာရှေ့ကို ထိုးပြလာသည်။

"ဒါက ဘာဆေးလဲ"

         ရွယ်ကန်ကျန်းမျက်လုံးများ ဆေးလုံးဆီ ရွှေ့လာ၏။

"အဲ့ဒါခန္ဓာကိုယ်ထဲက သွေး​ကြောတွေကို အားကောင်းစေတဲ့ ဆေးလုံးမျိုး"
"ခင်ဗျားသောက်လို့ရလား"

"မရဘူး"
"ဘာဖြစ်လို့လဲ?"

        ရွယ်ကန်ကျန်းရဲ့ အဖြေကို သဘောမကျသွားပုံဖြင့် သူ့အသံသည် နည်းနည်းလေးတောင် ကျယ်သွား၏။

"ငါ့ရဲ့ဝိညာဥ်အမြုတေက ပြိုကွဲနေပြီ....အဲ့ဒီဆေးသောက်လိုက်ရင် ဝိညာဥ်စွမ်းအင်တွေ ကမောက်ကမဖြစ်ပြီး ငါ့ရဲ့လက်ကျန် ဝိညာဥ် သွေးကြောတွေ ပြတ်တောက်ကုန်လိမ့်မယ်"
"အဲ့လိုလား..... ဒါဆိုဒါကိုမသောက်နဲ့ ကျွန်တော် သိမ်းထားလိုက်မယ်"

        ပြောရင်း ဆေးလုံးကို ပုလင်းထဲပြန်ထည့်ကာ သူ့ရင်ဘတ်ထဲ ထည့်သိမ်းလိုက်သည်။ ပြီးနောက် ပုလင်းအဝိုင်းလေးကို ယူကာ အဖုံးဖွင့်ကြည့်သော် အထဲတွင် အစိမ်းရောင် အနှစ်တွေကို တွေ့ရလေ၏။ မုန့်ချွေ့၏ ဝမ်းသာသွားကာ ဟန်တောင်မဆောင်နိုင်ဘဲ။

"ဒါလိမ်းဆေးမလား....ဟုတ်တယ်နော် ဟုတ်တယ်မလား"

         လိမ်းဆေးလို အနှစ်ကလေးတွေဆိုတော့ အူကြောင်ကြား မုန့်ချွေ့သည် လိမ်းဆေးဟုသာ ထင်မြင်နေမိသည်။ ရွယ်ကန်ကျန်းက ပြန်မဖြေခင် မီးအိမ်မှ မီးရောင်ထိုးနေသော မုန့်ချွေ့ရဲ့ မျက်နှာကို သေချာစိုက်ကြည့်နေသည်။

        မုန့်ချွေ့မျက်နှာမှာ သူ့အပေါ် မကောင်းကြံချင်တဲ့ အရိပ်အယောင်၊ သူ့ကိုပစ်ပယ်ချင်တဲ့ အရိပ်အယောင်မျိုး မတွေ့ရဘဲ သူ့ကိုကူညီချင်တဲ့ အငွေ့အသက်တွေသာ တွေ့နေရသောအခါ ရွယ်ကန်ကျန်းအတွက် ဒွိဟဖြစ်သွားသည်။ ယခုအချိန်မှာသူက အားလုံးအတွက် ရွံစရာ အပြစ်သားတစ်ယောက်ပဲလေ။

Because of you (Complete)On viuen les histories. Descobreix ara