💧Part (12)💧တင်းကျပ်သွားတဲ့နှလုံးသား

1.5K 228 1
                                    

Unicode
Because of you

                      💧(12)💧
             [တင်းကျပ်သွားတဲ့ နှလုံးသား]

      မီးအမြုတေကို ပိုင်ဆိုင်သူတိုင်းရဲ့ ရည်ရွယ်ချက်က တခြားမီးအမြုတေ ပိုင်ရှင်တွေနဲ့ ငြိမ်းချမ်းရေး ယူဖို့ပဲ ဖြစ်သည်။ ဟန်ခဲ့နဲ့လူငယ်က မီးအမြုတေပိုင်ရှင်တွေ ဖြစ်တာမို့ သူတို့ခဏလေးနဲ့ ရင်းနှီးသွားပြီး ဟန်ခဲ့က ရွယ်ကန်ကျန်းနဲ့ မုန့်ချွေ့ကလည်း မီးအမြုတေပိုင်ရှင် ဖြစ်တဲ့အကြောင်း ပြောပြလိုက်လေသည်။

         လူငယ်ရဲ့ မျက်ဝန်းတွေက အံ့သြတဲ့ အရိပ်အယောင် နည်းနည်းပြပြီး ခဏအတွင်း ကွယ်ပျောက်သွား၏။ မီးအမြုတေက ရှစ်ခုရှိမှတော့ နောက်ထပ် မီးအမြုတေပိုင်ရှင်တွေကို တွေ့ရမှာက ထူးဆန်းထွေလာတော့ မဟုတ်။

        တကယ့် ထူးဆန်းထွေလာက ယခုမှရောက်လာတာဖြစ်သည်။ နှစ်ယောက်သားရဲ့ ခြေလှမ်းတွေက ရွယ်ကန်ကျန်း နဲ့ မုန့်ချွေ့အနားကို မရောက်ခင်မှာပဲ ရပ်တန့်သွားသည်။ နှစ်ယောက်လုံး ကြောင်အလျက်။

        မုန့်ချွေ့က ရွယ်ကန်ကျန်းကို မေးထောက်ကာ မျက်တောင်မခတ် စိုက်ကြည့်နေပုံမှာ ညီက အစ်ကိုကို ရိုးရိုးသားသား ကြည့်နေပုံနဲ့ လုံးဝမတူ။ အဲ့ဒါက ပြောရမှာ မကောင်းပေမယ့် မုန့်ချွေ့မျက်လုံးတွေက ပုံမှန်နဲ့ မတူနေချေ။

        လူငယ်က ဟန်ခဲ့နားရွက်နားကို ကပ်၍ မေးလိုက်သည်။

"အဲ့တာမင်းပြောတဲ့ ညီအစ်ကိုနှစ်ယောက်လား"
"မ မဟုတ်....ဟုတ် ဟုတ်တယ်... ဒါပေမယ့် သူတို့ကညီအစ်ကို အရင်းတွေလားဆိုတာတော့ ကျွန်တော်လည်း မသိဘူး"

         လူငယ်က နားလည်သွားဟန် ခေါင်းညိတ်ပြ၏။

"ကိုယ့်နာမည်က ချွမ်သွမ်း.... မင်းက?"
"ဟန်ခဲ့"

        ဟန်ခဲ့ ဖြေလိုက်ပေမယ့် သူ့မျက်လုံးများက မုန့်ချွေ့ရဲ့ ထူးထူးဆန်းဆန်း အကြည့်တွေဆီ ရောက်နေသည်။ မုန့်ချွေ့တစ်ယောက်ကတော့ သူ့အကြည့်တွေက အိုင်ဒေါတစ်ယောက်ရဲ့ ချောမောမှုကို မြင်နေရသော ဖန်ကလေးသာသာပဲ ရှိသည်။

        ရွယ်ကန်ကျန်းရဲ့ ​သဘောထားဖြူစင်တာတွေ၊ တစ်ခါတလေ ဒေါသထွက်ရင် သက်ညှာမှုမရှိတဲ့ သိုင်းကွက်များ ထုတ်သုံးတာတွေ၊ ရွယ်ကန်ကျန်းရဲ့ ချောမောလွန်းသော ရုပ်ရည် စတာတွေဟာ ဝတ္ထုဖတ်ရင်း စိတ်ကူးယဉ်ပြီး အားကျခဲ့ရတာတွေ ဖြစ်သည်။

Because of you (Complete)Where stories live. Discover now