💧Part (31)💧အဆင့်တက်လာခြင်း

1.3K 205 4
                                    

Because of you

                      💧(31)💧
           [အဆင့်တွေတက်လာခြင်း]

"ငါ ငါပြောတာက.... ဒီကမ္ဘာက ငါတို့ရဲ့နေရာအစစ် မဟုတ်ဘူးလေ ငါတို့ကတစ်ချိန်ကျရင် ပြန်ကြရမှာ.... ဒီကမ္ဘာကလူတွေကို သနားနေလို့ ဝုန်းဒိုင်းဆို အပြင်လောကကို ပြန်ရောက်သွားမှာမှ မဟုတ်တာ.... ပြီးတော့ အဲ့ဒီလီကူးက သနားဖို့လည်း မကောင်းပါဘူး"

        ဟန်ခဲ့က ပြုံးစိစိနဲ့ပဲ ခေါင်းညိတ်လက်ခံလိုက်သည်။ စားသောက်ပွဲမှာ သူတို့ငါးယောက်သာရှိပြီး ချွမ်သွမ်းခြံဝန်းထဲက ရေကန်ဘေးတွင် တည်ခင်းပေးထားတာကြောင့် လရောင်ကလည်း ဖြာကျနေ၏။

       ဟန်ခဲ့ ကြက်ပေါင်တစ်ခုကို ကိုက်ဝါးရင်း မုန့်ချွေ့ကို လှမ်းမေးလိုက်သည်။

"အပြင်မှာ မင်းရဲ့နာမည်က မုန့်ချွေ့ပဲလား"
"ဟုတ်တယ်လေ.... ကျွန်တော်က X တက္ကသိုလ်ကို ​ပြောင်းလာတဲ့ ကျောင်းသားသစ်"

"တကယ်လား.... တိုက်ဆိုင်လိုက်တာ ငါလည်းအဲ့ဒီကျောင်းက ကျောင်းသားပဲ ငါကအခန်းCက.... မင်းကကော?"
"ကျွန်တော် ကျောင်းအပ်ထားတုန်းပဲ ရှိသေးတယ်.... ဘယ်အခန်း ကျမလဲတောင် မသိသေးဘူး..... ဒါနဲ့ ကျွန်တော်တို့အားလုံး အပြင်က နာမည်တွေ မိတ်ဆက်ကြရအောင်လေ"

       မုန့်ချွေ့က ပြောလည်းပြော ရွယ်ကန်ကျန်းကိုလည်း မျက်ခုံးတစ်ဖက် ပင့်ပြလိုက်သည်။ ရွယ်ကန်ကျန်းကလည်း ပြုံးကာ။

"ကောင်းတာပေါ့.... ငါတို့ဒီကမ္ဘာထဲကနေ ပြန်ထွက်တဲ့အခါ အပြင်မှာ ဆုံကြမယ်.... ငါ့နာမည်က ရွှယ်ရှဲ့လင်.... "

ဟန်ခဲ့ - "ငါက ဟောက်ဖန်း"

ချွမ်သွမ်း - "ငါက ရယ်ရွှင်"

ချိုကျွင်း - "ကျွန်တော်က တုလင်"

        နာမည်များ မိတ်ဆက်ပြီးသောအခါ မုန့်ချွေ့က ထ၍။

"ဒါဆိုကျွန်တော်တစ်ယောက်တည်း နာမည်အစစ် ဖြစ်နေတာပေါ့.... ကျွန်တော်တို့ အပြင်ပြန်ရောက်တဲ့အခါ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်လို့ရအောင် ဖုန်းနံပါတ်တွေ လဲလှယ်ကြမယ်နော် အခုတော့မဟုတ်ဘူး.... ကျွန်တော်က မှတ်ဥာဏ်သိပ်မကောင်းတော့ မှတ်နိုင်မှာ မဟုတ်ဘူး"

Because of you (Complete)Where stories live. Discover now