💧Part (20)💧ရေသူမကျိန်စာ

1.4K 210 4
                                    

Because of you

                      💧(20)💧
            [ရေသူမကျိန်စာ]

     လူနှစ်ယောက်သည် ရေသူမအား ကုန်းပေါ်အထိ တရွတ်တိုက် ဆွဲခေါ်လာခဲ့ကြသည်။ ရေသူမလေးက လူသားတို့ဘာသာစကားဖြင့် သူ့ကိုလွှတ်ပေးရန်၊ သူ့ကလေးကို ချမ်းသာပေးရန် တောင်းပန်ရှာသော်လည်း လူစိတ်ပျောက်သွားသော လူနှစ်ယောက်မှာ သူမဗိုက်တည့်တည့်ကို ဓားရှည်နဲ့ ထိုးသွင်းလိုက်ပေသည်။

        ကလေး အသတ်ခံလိုက်ရသော ရေသူမမှာ လူသားနှစ်ဦး၏ မျက်လုံးထဲကိုကြည့်ကာ ကြောက်စရာကောင်းသော ကျိန်စာတစ်ခု တိုက်လိုက်သည်။

        လူသုံးယောက် အိမ်ပြန်ရောက်သောအခါ သားရဲသလင်းယူဖို့ တားမြစ်ခဲ့သော လူသည် သူ့ဇနီးနဲ့အတူ အိမ်တော်ကြီးမှ နှင်ထုတ်ခံလိုက်ရ၏။ ထိုအရာက သူတို့လင်မယားအတွက် ကံကောင်းခြင်းပါပဲ။

        နောက်တစ်နေ့သောည ၈နာရီခန့် အချိန်၊ ရေသူမလေး အသက်သလင်း အထုတ်ခံလိုက်ရသော အချိန်တွင် အိမ်တော်ကြီးထဲက လူသားများအားလုံး ကျိန်စာ၏ တိုက်စားခြင်းကို ခံရတော့သည်။ သူတို့ရဲ့ရုပ်ရည်များ အကျည်းတန်ကာ သားရဲတစ်ပိုင်း လူတစ်ပိုင်း ဖြစ်သွား၏။

        ကျိန်စာကို ဖြေရန်အတွက် သူတို့သည် လူပေါင်းများစွာရဲ့အသက်ကို သတ်ဖြတ်ပြီး ရေသူမဝိညာဥ်ကို ပူဇော်ရသည်။ ရေသူမဝိညာဥ် စိတ်မကျေနပ်မချင်း သူတို့သည် နေ့တွင်လူဖြစ်ကာ ညတွင်သားရဲ ဖြစ်ကြရ၏။

        ထိုအကြောင်းတွေကို ကြားရသောအခါ ရွယ်ကန်ကျန်းတို့ လေးယောက်စလုံးမှာ မယုံနိုင်လောက်အောင် မျက်လုံးပြူးနေကြသည်။ နှစ်၁၀၀တောင် ကြာသွားပြီ။ သူတို့တွေလည်း လူအများကြီးကို သတ်ပြီးလောက်ပြီ။

       အခုထိ ကျိန်စာမပြယ်သေးဘူးဆိုတော့ ရေသူမဝိညာဥ်က သူမရန်ငြိုးကို မပြေငြိမ်းပေးနိုင်သေးဘူး ဆိုတဲ့ သဘောပဲ မဟုတ်လား။

        အပြင်ဘက်မှာတော့ သားရဲတစ်ပိုင်း ဖြစ်သွားသော အရာများက သားကောင်ရှာဖို့အတွက် ပတ်သွားနေကြတုန်း။ မုန့်ချွေ့ ရွယ်ကန်ကျန်းအနားကို ရောက်သွားကာ ဖောက်ထားတဲ့ အပေါက်သေးသေးလေးမှ တစ်ဆင့် အပြင်ကို ချောင်းကြည့်လိုက်သည်။

Because of you (Complete)Donde viven las historias. Descúbrelo ahora