💧Part (43)💧ပြန်ရောက်ပြီ

1.2K 183 0
                                    

Because of you

                     💧(43)💧
           [ပြန်ရောက်ပြီ]

       နေရောင်ခြည်က ပြတင်းပေါက်ကို ဖြတ်ကျော်၍ နူးညံ့ချောမွတ်သော ပါးပြင်တစ်ခုပေါ်ကို ဖြာကျလျက်ရှိသည်။ သူသည် အလွန်အမင်း တောက်ပနေသော်လည်း ဆောင်းတွင်းရဲ့ အအေးဓာတ်ကိုတောင် အန်မတုနိုင်ရှာ။ ထိုအချိန်တွင် တစ်စုံတစ်ယောက်ဟာ ဆိုရင်တော့ အိပ်လို့ကောင်းတုန်း။

'ဒေါက်..... ဒေါက်.....'

"ချွေ့အာ..... ဒီနေ့ ပထမဆုံး ကျောင်းဖွင့်ရက်နော် အိပ်ပုပ်ကြီးမနေနဲ့"

        နူးညံ့လှတဲ့ အမျိုးသမီးတစ်ဦး၏ အသံကြောင့် မုန့်ချွေ့ အိပ်ရာကနေ လန့်နိုးသွားသည်။ သူချက်ချင်းထပြီး ပတ်ဝန်းကျင်ကို အမြန်ဆုံးနည်းနဲ့ အကဲခတ်ပစ်လိုက်တဲ့အခါ သူသည် မီးအမြုတေတွေ ဝန်းရံနေသော ကမ္ဘာထဲမှာ မဟုတ်တော့မှန်း သိသွားသည်။

"မား!!!!......."

         အသံကုန် အော်ပစ်လိုက်တာကြောင့် ချွေ့မားမား လန့်သွားသည်။ သူမပြန်ပြောမလို့ ပါးစပ်ဟနေတုန်းမှာပဲ တံခါးက ပွင့်လာပြီး သူမရဲ့သားငယ်က သူမကို အားရပါးရ ပွေ့ဖက်လာ၏။ ပုံစံက နှစ်ပေါင်းများစွာ မတွေ့ရတဲ့ သားအမိတွေလိုပဲ။

        သူမခါးကို တင်းတင်းကြီးဖက်ပြီး ဟိုဘက်သည်ဘက် ဝှေ့ရမ်းနေပုံကလည်း သူမသည် မကြာသေးခင်ကမှ နိုင်ငံရပ်ခြားသွားပြီး ပြန်ရောက်လာသလိုလိုနဲ့။ ဆိုးတာက သူမထင်နေသလို မဟုတ်ဘဲ မုန့်ချွေ့က သူ့အတွေးနဲ့သူ ပျော်ရွှင်နေတာကြောင့်ပဲ။

"ဟီး..... မား ဒီနေ့ကကျွန်တော့်ရဲ့ ပထမဆုံး ကျောင်းတက်ရက်မလား"
"ဟုတ်တယ်လေ အဲ့ဒါကြောင့် မားမင်းကိုလာနှိုးတာ.... ဘယ်လိုလဲ ကျောင်းသွားဖို့ စိတ်ပါသွားပြီလား"

"သွားမယ် သွားမယ်.... သားရေချိုးလိုက်အုံးမယ် သားအဆောင်နေမယ်နော်"
"ကောင်းပါပြီ မားကသားအတွက် ကျောင်းဆောင်ဖောင်မှာ ကြိုဖြည့်ပေးထားတယ်..."

"တကယ်လား....."
"ဒါပေါ့.... ပထမနှစ်ရဲ့ အင်္ဂလိပ်စာ ဆရာမက မားသူငယ်ချင်းလေ.... စိတ်မပူနဲ့ သားအတွက် အခန်းကောင်းကောင်း မားရှာပေးထားတယ် ရေသွားချိုး မားမနက်စာပြင်ထားပေးမယ်"

Because of you (Complete)Where stories live. Discover now