💧Final part💧ပြန်လည်တွေ့ဆုံခြင်း

2.6K 244 15
                                    

Because of you

                      💧(50)💧 Final
            [ပြန်လည်တွေ့ဆုံခြင်း]

"မဟုတ်ဘူးသေးဘူး.... ဖန်းကော တစ်ခုခုဖြစ်နေတယ်နော် ပါးတွေရဲနေတယ်လေ နေမကောင်းဘူးလား"
"ငါ ငါနေမကောင်းတာ မဟုတ်ပါဘူး.... မုန့်ချွေ့ မင်း မင်းကအနာဂတ်ကို ဟောပြောတဲ့သူလား?"

        ရုတ်တရက် ထူးဆန်းသော မေးခွန်းကြောင့် မုန့်ချွေ့က မျက်မှောင်ကျုံ့၏။

"ဖန်းကော.... မဟုတ်မှလွဲ ရယ်ရွှင်နဲ့တွေ့လာတာလား"

        ရယ်ရွှင်ဆိုတဲ့ နာမည်ကြားတော့ ဟောက်ဖန်းပုခုံးနှစ်ဖက်က သိမ့်ခနဲ တုန်သွားသည်။ သိသိသာသာကို တုန်သွားတာမလို့ ရွှယ်ရှဲ့လင်တောင် ဘာဖြစ်တာလဲ သိချင်သွား၏။ သူကမုန့်ချွေ့ရဲ့ခါးကို ခပ်ဖွဖွ ဖက်၍ မေးလိုက်တော့သည်။

"ချွေ့အာက ရယ်ရွှင်ကို သိနေတာလား?"
"ဟင် ကိုကိုလည်း သိတယ်လား?"

"သူနဲ့ကိုယ် လွန်ခဲ့တဲ့ သုံးရက်လောက်က ကိုယ့်ပါးရဲ့ကုမ္ပဏီမှာ တွေ့ခဲ့တာ.... ရယ်ရွှင်ရဲ့အမေက ရွှယ်လုပ်ငန်းစုမှာ ရှယ်ယာဝင်ထားတာလေ သူကသူ့အမေရဲ့နေရာကို ဝင်ဖို့အတွက် ပြင်ဆင်နေတာ.... ပြောပါအုံး ချွေ့အာကသူ့ကို ဘယ်လိုလုပ် သိတာလဲ?"
"ကျွန်တော်က နာမည်ကြားဖူးရုံပါပဲ.... သူက ဖန်းကောရဲ့ အနာဂတ် ခင်ပွန်းလောင်းကြီးလေ"

        မုန့်ချွေ့ ပြောလိုက်တော့ ဟောက်ဖန်းရဲ့မျက်နှာက ပိုလို့တောင် ရဲတွတ်လာတော့သည်။ ဟောက်ဖန်းရဲ့ ရှက်သွေးဖြာနေပုံကို မြင်တော့ ရယ်ရွှင်နဲ့ တွေ့ခဲ့ပြီဆိုတာကို နားလည်သွား၏။ အဲ့ဒါတင်မကသေး သူတို့နှစ်ယောက်က တစ်ခုခုဖြစ်လာခဲ့ပုံပင်။

"အစ်ကိုတို့ တစ်ခုခုဖြစ်လို့လား"

        ဟောက်ဖန်း မျက်နှာပူပူနဲ့ပဲ ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ်... သူမနက်က ငါတို့ဆိုင်မှာ လာစားတယ်လေ ငါတို့နှစ်ယောက် သန့်စင်ခန်းထဲမှာ မတော်တဆ တစ်ခုဖြစ်ခဲ့တယ်... အဲ့ဒါကြောင့် ငါအခုသူ့ကို ညစားကျွေးရင်း တောင်းပန်မလို့...."
"အစ်ကိုသူ့ကို ဘာလုပ်လိုက်တာလဲ?"

You've reached the end of published parts.

⏰ Last updated: Oct 12, 2021 ⏰

Add this story to your Library to get notified about new parts!

Because of you (Complete)Where stories live. Discover now