💧Part (6)💧 ငွေစ၃၀၀ ပျောက်သွားခြင်း

1.5K 227 1
                                    

Unicode
Because of you

                      💧(6)💧
            [ငွေစ၃၀၀ ပျောက်သွားခြင်း]

        လူငယ်လေးရဲ့အသံက သူ့ကိုခြိမ်းခြောက်နေတာတော့ မဟုတ်ပါ။ သူသိသင့် သိထိုက်တာကို သတိထားဖို့ အကြံပေးနေသလိုပဲ။ မုန့်ချွေ့က ခေါင်းတညိတ်ညိတ်နဲ့ လုပ်ပြရင်း။

"စိတ်မပူပါနဲ့... ကျွန်တော်က အခုမှစပြီးလေ့ကျင့်မှာ"
"ကောင်းပါပြီ အဆင်ပြေပါစေနော်"

"ကျေးဇူးပါ"

        မုန့်ချွေ့ တံခါးပြန်ပိတ်ကာ ဧည့်ခန်းဘက်ကို ပြန်ပြေးလာသည်။

"အိုင်ဒေါကိုကို.... ကျွန်တော် ဒီထဲမှာလေ့ကျင့်လို့ရအောင် ပြောခဲ့ပေးတယ်နော်"

        ရွယ်ကန်ကျန်းမှာ ကြောင်အလျက်။ အဲ့လောက်ထိ လုပ်ပေးဖို့ လိုလို့လား။ ဒီသားရဲသလင်းကျောက်ကို မုန့်ချွေ့က သူကိုယ်တိုင် အသုံးပြုဖို့အတွက် ယူလာတယ်လို့ သူထင်နေခဲ့တာလေ။

        အခုတော့ အဲ့ဒီ သားရဲသလင်းကျောက်ကို သူ့ထံပေးပြီး သူ့ကိုလေ့ကျင်ဖို့တောင် တိုက်တွန်းနေသလိုပင်။ မုန့်ချွေ့က လူကောင်းတစ်ယောက်ပင်။ သူသည်လည်း တောင်ထွတ်က အကြီးအကဲများ သူ့ကိုချောက်ချခဲ့တဲ့ အကြောင်းကို ဖော်ထုတ်ပြီး သူ့ရဲ့ဂိုဏ်းချုပ်သိက္ခာကို ပြန်လိုချင်ပါ၏။

        သို့သော်လည်း လက်ရှိသူ့ရဲ့ အခြေအနေက ထိုအကြီးအကဲများကို ရင်ဆိုင်ဖို့အတွက် မစွမ်းသာပေ။ ထို့ကြောင့် အကောင်းအတိုင်း ရှိနေသေးတဲ့ သူ့ရဲ့အမြုတေကို အားပြန်ဖြည့်ရမည်။

        ရွယ်ကန်ကျန်း သူ့အတွေးတွေကိုရပ်ကာ ဘေးကလူကို ကြည့်လိုက်တော့ မုန့်ချွေ့က သားရဲသလင်းကျောက်ကို ရေစင်အောင် ဆေးပြီးနေပြီ။

         ရေထဲကထွက်လာတဲ့ သားရဲသလင်းကျောက်လေးသည် အရောင်မှေးမှိန်ကာ မူလကလို မတောက်ပတော့ပေ။ ကြည့်တာနဲ့ ဒါက သုံးပြီးသား တစ်ဝက်အကျန်ကြီးဆိုတာ သိသာသည်။

"ဟွန့်...."

        မုန့်ချွေ့ နှုတ်ခမ်းဆူကာ နှာမှုတ်ပစ်သည်။ သူကဒီကျောက်ကို အိုင်ဒေါကိုကို သုံးဖို့အတွက် ပေးမလို့ ရည်ရွယ်ထားတာလေ။ ဒါက သုံးပြီးသားကြီး ဖြစ်နေတဲ့အခါ မုန့်ချွေ့သိပ်မပေးချင်တော့ပေ။

Because of you (Complete)Where stories live. Discover now