💧Part (26)💧ဒေါင်းဖြူသားရဲပေါ်ထွက်လာခြင်း

1.3K 201 0
                                    

Because of you

                      💧(26)💧
           [ဒေါင်းဖြူသားရဲထွက်ပေါ်လာခြင်း]

"သခင်လေး ကျန်တာတွေကိုတော့ ခဏစောင့်ပေးပါ...."
"ရပါတယ် ငွေဘယ်လောက်ကျလဲ?"

"သခင်လေးမှာထားတာတွေ အားလုံးပေါင်းရင်း စုစုပေါင်း ငွေစ၃၀၀ ကျသင့်ပါတယ်"
"ကောင်းပြီ"

        မုန့်ချွေ့က ငွေစ၃၀၀ကို ချက်ချင်း ထုတ်ပေးလိုက်သည်။ ငွေစ၃၀၀ဆိုတာ ရှန်းစစ်ကျောင်းမှာ သူတို့အတွက် တစ်ရက်စာပဲရှိသည်လေ။ အပြင်မှာဝယ်ပြီး မှော်အိတ်ထဲ ထည့်ထားတာက မပုပ်မသိုးသလို စားချင်တဲ့အချိန်တိုင်း စားလို့ရသည်။

        ငွေချက်ချင်း ရှင်းလိုက်တာကို မြင်တော့ စားပွဲထိုးလေးက ပျော်ရွှင်သွားကာ နှစ်ယောက်သား ခပ်မြန်မြန်ပဲ ပြန်ဆင်းသွားသည်။ သူက ဒီသခင်လေး စားစရာတွေ အရမ်းမှာပြီး ငွေမရှင်းနိုင်မှာ ကြောက်နေခဲ့တာ။ အကယ်၍ ငွေမရှင်းနိုင်ရင် သူဌေးရဲ့ဒေါသက သူ့အပေါ်ကိုပဲ ကျလာမှာလေ။

        ခဏကြာတော့ နောက်ထပ် မှာထားတဲ့ ဟင်းလျားတွေ အပွဲ၅၀လောက် ထပ်ရောက်လာသည်။ ဟင်းတွေအားလုံးက စားချင်စရာတွေချည်းပဲ။ မုန့်ချွေ့ ကျေနပ်သွားကာ ပန်းကန်တွေအတွက်ပါ ငွေစ၁၀၀ ထပ်ပေးလိုက်လေသည်။

        နောက်ဆုံးတော့ စားပွဲပေါ်မှာ မုန့်ပန်းကန်လေး တစ်ချပ်သာရှိတော့၏။ ထိုအချိန်တွင် ချိန်းထားသော ချွမ်သွမ်း နဲ့ ဟန်ခဲ့ ရောက်လာကြသည်။ နှစ်ယောက်လုံးက သူတို့ကိုယ်သူတို့ အဝတ်တွေနဲ့ ထုပ်ထားသလား မှတ်ရ၏။

        အဝတ်တွေနဲ့ ဖုံးဖိပြီး ရုပ်ဖျက်ထားတာကလည်း ရုပ်ဆိုးလွန်းပါသည်။

"ခဲ့ကော..... အဲ့ဒီကျောင်းမှာ စားရသောက်ရတာ အဆင်ပြေလား"
"ဆိုးတော့ မဆိုးပါဘူး.... "

"ဟွန့်.... ခဲ့ကောက မဆိုးဘူးပေါ့ ကျွန်တော်တို့ကတော့ ဆိုးလိုက်တာမှ အဲ့ဒီရှန်းစစ်ကျောင်းမှာ တစ်လလောက် နေလိုက်ရင် ကျွန်တော့်ပိုက်ဆံတွေ အကုန်ပြောင်မှာ သေချာတယ်..... ကျွန်တော့်ရဲ့စားပုံနဲ့ ဆိုရင်လေ ကြာလာရင် ခေါင်းမွှေးတောင် ဖြူသွားနိုင်တယ်"

Because of you (Complete)Where stories live. Discover now