💧Part (46)💧Chocolate ကြိုက်လား

1.2K 180 2
                                    

Because of you

                      💧(46)💧
            [Chocolate ကြိုက်လား]

        မုန့်ချွေ့ နွားနို့ဘူးလေးကို လက်ခံလိုက်ပြီးသောအခါ နောက်ထပ်တစ်ဘူးက တုလင်ဘေးမှာ ပေါ်လာ၏။ တုလင်ကော မုန့်ချွေ့ကော ခေါင်းမော့ကြည့်လိုက်တဲ့အခါ ထွက်ပေါ်လာသူက ကျောင်းနတ်ဘုရား။ ကျောင်းနတ်ဘုရားက တုလင်ကို မုန့်ထပ်ကျွေးနေပြန်ပြီ။

        မုန့်ချွေ့ နွားနို့ဘူးသောက်နေရင်း မျက်လုံးပြူးသွားရာ အော်ပင်းက သူ့ထက်အရင် စကားစလာ၏။

"တုလင်.....ဒါက မင်းအတွက်.... မငြင်းရဘူးနော် ဒီကောင်နွားနို့ဝယ်နေတုန်း ကိုယ်လည်းမင်းအတွက် ဝယ်ချင်လာတာနဲ့ ဝယ်လာပေးတာ...."

တုလင် - "အာ......"

မုန့်ချွေ့ - "ခင်ဗျား...."

        အော်ပင်း မုန့်ချွေ့ကို မလိုလားဟန် ကြည့်လာသည်။

"ဒီမှာ မင်းကျတော့ တခြားသူဝယ်ကျွေးတာ စားပြီးတော့ သူ့ကိုကျတော့ မစားခိုင်းဘူး .... မင်းဘာဖြစ်ချင်တာလဲ?"
"တူမလား.... ခင်ဗျားက ယောကျ်ားမိန်းမ မရွေး တွဲနေတဲ့သူလေ.... ကိုကိုက ဖြူစင်တယ် ကျွန်တော်ကိုကို့ကို ယုံတယ် ဒါပေမယ့် ခင်ဗျားကတော့"

"ဘာဖြစ်လဲ?"
"မယုံဘူး"

"မင်း!"

        အော်ပင်း မုန့်ချွေ့ကို လက်ညှိုးထိုး၍ ရန်ဆက်ဖြစ်ဖို့ အဆင်သင့်ဖြစ်နေသလို မုန့်ချွေ့ကလည်း မျက်လုံးပြူးကာ ရန်ထောင်နေတာကြောင့် နောက်ဆုံး ရွှယ်ရှဲ့လင် နဲ့ တုလင်ကပဲ သူတို့နှစ်ယောက်ကြားမှာ ဝင်ဖြေရှင်းပေးလိုက်ရသည်။ ရန်ပွဲအသေးစားလေး ပြီးသွားတဲ့နောက် ရွှယ်ရှဲ့လင်လည်း မုန့်ချွေ့ကို စာရှင်းပြနေလိုက်သည်။

       ထိုအချိန် တစ်စုံတစ်ယောက်က ဓာတ်ပုံခိုးရိုက်ကာ နတ်ဘုရားနှစ်ပါး ဂျူနီယာလေး နှစ်ယောက်ကို နီးနီးကပ်ကပ် စာရှင်းပြနေတဲ့ သတင်းက ထပ်ပျံ့သွားလေသည်။ တရားခံလေးယောက်ကတော့ မသိကြပေ။

        မုန့်ချွေ့တို့ အတန်းထဲရောက်တော့ အတန်းဖော်တွေအားလုံး စူးစူးစမ်းစမ်း စိုက်ကြည့်နေကြတာကို တွေ့ရလေသည်။ ခပ်စွာစွာ မုန့်ချွေ့က ဂရုမထားသော်လည်း တုလင်ကလည်း သူ့ပုံစံအတိုင်း ခေါင်းလေးကို ငုံ့ထား၏။

Because of you (Complete)Where stories live. Discover now