💧Part (49)💧မင်းကိုချစ်တယ်

1.3K 181 2
                                    

Because of you

                      💧(49)💧
           [မင်းကိုချစ်တယ်]

       မုန့်ချွေ့ စောင်ပုံထဲကွေးရင်း မျက်လုံးမှိတ်ထားသည်။ သူပြန်ရောက်ချင်း မုန့်ချွေ့ တစ်ခုခုကို စိတ်တိုနေတယ်လို့ ခံစားနေရတာ။ လတ်စသတ်တော့ သူဒိတ်လုပ်တာကို မုန့်ချွေ့ သိသွားလို့ကိုး။

"ချွေ့အာ သိနေတာလား?"

        မုန့်ချွေ့ မျက်လုံးပွင့်လာသည်။ သူက ရွှယ်ရှဲ့လင်ကို စေ့စေ့ကြည့်လိုက်သည်။ မနက်စာကို သူသည် ရွှယ်ရှဲ့လင် ၊ ရွှယ်မားမားတို့နဲ့အတူ စားခဲ့၏။ အဲ့ဒီအချိန်တုန်းက ရွှယ်ရှဲ့လင်က သူ့ကိုဟင်းထည့်ပေးဖို့ အာရုံမလာခဲ့ဘူး။ ဒါပေမယ့် ဟိုမိန်းကလေးကိုတော့ ဂရုစိုက်ပေးတတ်သည်လေ။

        သူကြည့်နေတာကို တွေ့တော့ ရွှယ်ရှဲ့လင် တစ်စုံတစ်ခုကို သဘောပေါက်သွားသည်။ သူက ဖုန်းထုတ်ပြီး weibo ထဲ ဝင်ကြည့်လိုက်တဲ့အခါ သတင်းက တော်တော်ပျံ့နေပြီဆိုတာကို တွေ့လိုက်ရ၏။

"အော်.... ချွေ့အာ weiboက သတင်းကို တွေ့သွားတာကိုး"
"အန်ကယ်ရွှယ်ဆီ သွားတာ မဟုတ်ဘူးပေါ့?"

"အာ.... တကယ်တော့ ကိုယ်ပါးဆီသွားလိုက်တာပါ ဒါပေမယ့် ပါးက ယောင်းယောင်းနဲ့ တွေ့ခိုင်းနေတာနဲ့..."

("​ယောင်းယောင်း.... တော်တော်တောင် ရင်းနှီးသွားကြပြီပဲ")

"ကျွန်တော် သိပါတယ်.... ကျွန်တော် နားလည်တယ်"
"ချွေ့အာ..... ကိုယ်မင်းကို မလိမ်ပါဘူးကွာ"

"တော်တော့.... ကျွန်တော် အိပ်ချင်နေပြီ ခင်ဗျားထွက်သွားတော့"

        ကိုကိုဆိုတဲ့နာမ်စားလေး ဘယ်ရောက်သွားတာလဲ။ ရွှယ်ရှဲ့လင်သည် မုန့်ချွေ့သူ့ကို စိမ်းသက်သက် ခင်ဗျားဆိုတဲ့ စကားလုံးထက် 'ကိုကို'ဆိုတဲ့ စကားလုံးလေးကိုသာ ပိုသဘောကျတဲ့သူဖြစ်လို့ မုန့်ချွေ့ဆီက ထိုစကားကြားလိုက်ရတော့ သူ့မျက်ခုံးများက ကျုံ့သွားသည်။

        အခန်းထဲမှာ ဘာလှုပ်ရှားမှုမှ မရှိတာကြောင့် မုန့်ချွေ့ မျက်လုံးဖွင့်ကြည့်လိုက်တဲ့ အခါမှာ ရွှယ်ရှဲ့လင်က သူ့အခန်းထဲမှာရှိနေဆဲ။ သူကဘယ်ကိုမှ မကြည့်ဘူး။ မျက်လုံးတွေက မုန့်ချွေ့တစ်ယောက်ဆီမှာပဲ ရှိနေ၏။

Because of you (Complete)Where stories live. Discover now