💧Part (1)💧အကျဥ်းတိုက်

3.5K 292 2
                                    

Unicode

                      💧(1)💧
             [အကျဥ်းတိုက်]

        အေးစက်၍ မှောင်မိုက်နေသော ညတစ်ညဝယ် အခန်းငယ်လေးထဲတွင် မှိန်ပြပြ မီးအိမ်မှာ အလင်းရောင်တို့သည် ပတ်ဝန်းကျင်ကို သဲသဲကွဲကွဲ မြင်နိုင်ဖို့ မကူညီပေးနိုင်ရှာ။ အခန်းငယ်ထဲတွင် ခန္ဓာကိုယ်တစ်ခုလုံး ကြာပွတ်အိုင်ထဲ ပြုတ်ကျထားသလား မှတ်ရလောက်တဲ့အထိ ဒဏ်ရာတွေ များပြားလွန်းလှတဲ့ လူတစ်ယောက် လဲလျောင်းနေ၏။

        သူ့ခန္ဓာကိုယ်သည် အနည်းငယ်မျှပင် မလှုပ်နိုင်တော့။ အဖြူရောင် ဝတ်ရုံစများဟာဆိုရင် သူ့အနီးနားတွင် ပြန့်ကျဲလျက်။ ဝတ်ရုံစတို့တွင် အနီရောင်သွေးတစ်ဝက်က စွန်းထင်းလို့နေပါ၏။

        ဘယ်သူကများ သူ့ကိုကူညီနိုင်မလဲ။ ယခုအချိန်တွင် ဘယ်သူ့ကိုလာပြီး ကူညီပေးပါ၊ ကယ်ပေးပါလို့လည်း သူမတောင်းဆိုနိုင်တော့ပါ။ သူ့ဘဝက မိုးကောင်းကင်ကနေ မြေကြီးထဲအထိ နိမ့်ကျသွားပြီ။

         သူ့မျက်နှာသည်လည်း ဓားခြစ်ရာတွေကြောင့် လူရုပ်မပေါက်တော့ဘဲ သရဲတစ်ကောင်နဲ့ပင် တူနေသေး၏။ လက်ရှိသူသည် ကောက်ရိုးတွေဖြန့်ခင်းထားတဲ့ ခုတင်တစ်လုံးပေါ်တွင် အရုပ်တစ်ရုပ်လို လဲလျောင်းနေရပြီး အေးစက်လှပါသော ဆောင်းရာသီမှာ ဘယ်သူကမှ သူ့အတွက် စောင်တစ်ထည် မပေးတော့ပေ။

        ရွယ်ကန်ကျန်းဆိုတဲ့သူဟာ ယခုတော့ အကျဥ်းတိုက်ထဲမှာ ဒဏ်ရာဒဏ်ချက် များစွာနဲ့အတူ အိပ်စက်နေရပြီ။ သူက ဘယ်သူများလဲ။ ရွယ်ကန်ကျန်းဆိုတာ တိမ်မထိတောင်ထွတ်ရဲ့ ဂိုဏ်းချုပ်တစ်ယောက်ပဲ။

        လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက သူ့ရဲ့ဂုဏ်သတင်းဟာ ကျင့်ကြံခြင်းလောကတစ်ခွင် မွှေးပျံ့နေခဲ့သည်။ အနိမ့်ပိုင်း ကျင့်ကြံခြင်းလောကမှ လူသားများ အခက်အခဲကြုံရတိုင်း ရွယ်ကန်ကျန်းသည် ကိုယ်တိုင်တောင်ပေါ်ကဆင်း၍ ကူညီ၏။

        တောင်အောက်ဆင်းတိုင်း သူ့မျက်နှာတခြမ်းကို ပဝါနဲ့အုပ်ထားတာကြောင့် လူတိုင်း သူ့မျက်နှာကို မမြင်ဖူးသော်လည်း သူ့နာမည်ကိုတော့ ကလေးကအစ သိကြသည်။

Because of you (Complete)Where stories live. Discover now