💧Part (19)💧ပြောင်းလဲသွားတဲ့ပတ်ဝန်းကျင်

1.4K 201 0
                                    

Because of you

                      💧(19)💧
             [ပြောင်းလဲသွားတဲ့ပတ်ဝန်းကျင်]

       ရွယ်ကန်ကျန်း ပတ်ဝန်းကျင်ကို မထိခိုက်အောင် စည်းတစ်ခုပြုလုပ်ပြီးနောက် မီးတောက်များကို လက်ဖဝါးနှစ်ဖက်တွင် ဖန်တီး၍ လက်ဝါးနှစ်ခုကို ပေါင်းစည်းလိုက်သည်။ အပြာရောင် မီးတောက်များက သူ့တစ်ကိုယ်လုံးတွင် လွှမ်းခြုံနေ၏။

        လက်စည်းတံဆိပ် ပုံဖော်၍ မျက်လုံးစုံမှိတ်ကာ မီးအမြုတေရဲ့ တတိယမြောက် လက်နက်ကို အာရုံခံလိုက်သည်။ မီးအမြုတေတိုင်းက တူညီသော စွမ်းအားနဲ့ တူညီသော လက်နက်များ ရှိလေသည်။

        မီးအမြုတေကို လက်ခံထားသူက မီးအမြုတေအတွင်းထဲက လက်နက်များကို ရှာဖွေပြီး အသုံးမချနိုင်ရင် အဲ့ဒီလူက အသုံးမကျတဲ့ လူတစ်ယောက်သာသာပဲ ဖြစ်ပေသည်။ ရွယ်ကန်ကျန်း အနေနဲ့ကတော့ အဆင့်၄၀ ကျော်လာတဲ့ အချိန်ကတည်းက မီးအမြုတေ၏ အတွင်းစိတ်ကို ဝင်ရောက်ရှာဖွေထားပြီးသား ဖြစ်၏။

         ထို့အတူ မီးတောက်လေးကိုင်းကို ဖန်တီးနိုင်ဖို့အတွက် ယခုအချိန်မှာ သူအဆင်သင့်ဖြစ်နေလေပြီ။

'ဝုန်း!'

        စွမ်းအင်များ ဖြာထွက်သွားသည်။ အမြုတေ၏ အတွင်းစိတ်သဏ္ဍာန်သည် ရွယ်ကန်ကျန်း၏ နဖူးပေါ်တွင် အမှတ်အသားတစ်ခု အဖြစ် ပေါ်ထွက်လာ၏။ မီးတောက်ပုံစံ အမှတ်အသားပင်။

        ထိုစဥ်တွင် မုန့်ချွေ့သည်လည်း အိမ်မက်တစ်ခုထဲ ရောက်နေပါ၏။ အိမ်မက်ထဲမှာ ဒုတိယ ရွယ်ကန်ကျန်းကို ထပ်တွေ့နေရပြန်သည်။

"ကိုကိုလား....."

       အရင်မျက်နှာနဲ့ ဒုတိယ ရွယ်ကန်ကျန်းက မုန့်ချွေ့ဘက်ကို လှည့်လာသည်။ သူ့မျက်လုံးတွေက နတ်ဆိုးတစ်ကောင်လို အလွန်ရက်စက်သော အငွေ့အသက်များ ဖုံးလွှမ်းနေကာ တစ်ဖက်ကလည်း နတ်ဘုရားတစ်ပါးရဲ့ အရှိန်အဝါကို ထုတ်လွှတ်နေ၏။

        မုန့်ချွေ့ တစ်ဖက်ရွယ်ကန်ကျန်းကို သတိထားရင်း တစ်လှမ်းချင်း လှမ်းသွားလိုက်သည်။ ယခုလူသည် ရွယ်ကန်ကျန်းရဲ့ အမွှာအစ်ကို ရွယ်ဖန်စန်း ဆိုတာကို သတိရသွားချင်း မုန့်ချွေ့ ခြေလှမ်းတွေ ရပ်သွားတော့သည်။

Because of you (Complete)Where stories live. Discover now