💧Part (25)💧ဒေါသထွက်ခြင်းနှင့်ဝမ်းနည်းခြင်း

1.4K 207 5
                                    

Because of you

                      💧(25)💧
            [ဒေါသထွက်ခြင်းနှင့်ဝမ်းနည်းခြင်း]

       သူမမျက်ဝန်းတွေက ညီမလေးအတွက် စိုးရိမ်နေသော အစ်မကြီးတစ်ယောက်ရဲ့ မေတ္တာတွေကို ဖော်ပြနေလေတော့ ရွယ်ကန်ကျန်း ပြုံး၍ သဘောတူလိုက်သည်။ သူမနက်ဖြန် လိုက်စမ်းသပ်ပေးမယ်လို့ ပြောပြီးနောက် အိပ်ဆောင်ဆီ ပြန်လာခဲ့၏။

         မုန့်ချွေ့က စွမ်းအင်များကို စုပ်ယူလို့ကောင်းတုန်း ဖြစ်တာကြောင့် သတိမရသေးပေ။ ရွယ်ကန်ကျန်း သူချထားခဲ့သော စည်းကို အာရုံခံကြည့်လိုက်သောအခါ တစ်စုံတစ်ယောက်က သူ့စည်းကို ဖောက်ဖို့ ကြိုးစားခဲ့တာကို သိလိုက်ရသည်။

        မုန့်ချွေ့ကို ကြည့်လိုက်တော့ ထိခိုက်ဒဏ်ရာမရှိချေ။

"စည်းကိုဖောက်ဖို့ ကြိုးစားတဲ့သူက အဆင့်၃၅ တိုက်ခိုက်သူပဲ.... "

        ရွယ်ကန်ကျန်းလည်း သူ့ခုတင်တွင်ထိုင်၍ ဝိညာဥ်သလင်းကျောက် အပိုင်းအစတစ်ခုကို ထုတ်ကာ ကျင့်ကြံနေလိုက်သည်။ နှစ်ယောက်လုံးက ကျင့်ကြံနေပြီး ညသန်းခေါင်အထိ အခန်းထဲတွင် ဝိညာဥ်စွမ်းအားတွေနဲ့ ပြည့်လို့နေ၏။

        သန်းခေါင်ကျော်တော့ မုန့်ချွေ့ သတိရလာပြီး ရွယ်ကန်ကျန်း ကျင့်ကြံနေတုန်း ဆိုတာကို သိတာကြောင့် သူ့ဘာသာပဲ ခွေအိပ်လိုက်သည်။ မနက်ရောက်မှ သူအဆင့်တွေ တက်လာပြီဆိုပြီး ရွယ်ကန်ကျန်းကို ကြွားရမည်။

        ကံမကောင်းစွာနဲ့ သူ့ရဲ့မနက်ခင် ကြွားထုတ်ရေး ရည်ရွယ်ချက်ကြီး ကျရှုံးသွားလေ၏။ အဘယ်ကြောင့်ဆိုသော် ရွယ်ကန်ကျန်းက မနက်အစောကြီး ထသွားတာကြောင့် အခန်းထဲမှာ မရှိပေ။

"ဟင်..... ကိုကိုက အစောကြီး ဘယ်ကိုသွားတာလဲ?"

        မုန့်ချွေ့ မျက်နှာသစ် ကိုယ်လက်သန့်စင်ကာ အိပ်ဆောင်တံခါးကို ဖွင့်၍ အပြင်ဘက်ကို ခေါင်းထွက်ကြည့်လိုက်သည်။ အိပ်ဆောင်တွေက မျက်နှာချင်းဆိုင်မဟုတ်ဘဲ အလယ်တွင် စက်ဝိုင်းသဏ္ဍာန် နေရာလပ်ကြီးရှိသည်။ အပေါ်ထပ်နဲ့ အောက်ထပ်ကို ထိုစက်ဝိုင်းကြားက လှေခါးတွေကနေ တက်သွားရသည်။

Because of you (Complete)Where stories live. Discover now