💧Part (4)💧အဆိပ်ကိုနိုင်ခြင်း

1.6K 237 5
                                    

Unicode
Because of you

                     💧(4)💧
           [အဆိပ်ကိုနိုင်ခြင်း]

       မုန့်ချွေ့သည် သူသိနေသော အကြောင်းအရာများသည် မူရင်းဝတ္ထုနဲ့ ဆက်စပ်နေတဲ့အကြောင်းကို သေချာပေါက် ဝန်ခံမှာတော့ မဟုတ်ပေ။ မုန့်ချွေ့သည် တစ်ချို့သော အကြောင်းအရာများကို ကြိုတင်မြင်ရကြောင်း ရွယ်ကန်ကျန်းအား အယုံသွင်းတော့သည်။

       အကျဥ်းတိုက်ထဲက ဆေးသေတ္တာကို ဥပမာထားကာ ပြောပြပြီး သူသည် တစ်စုံတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲကို ဝင်ထားတဲ့ တခြားတစ်ယောက်ဖြစ်တဲ့ အကြောင်းကိုပါ ထည့်ပြောပြလိုက်သည်။ ရွယ်ကန်ကျန်း ယုံလားမယုံလားလည်း သူမမေးချေ။

"ကျွန်တော့်အကြောင်းက အဲ့တာအကုန်ပဲ.... အော် ဒါနဲ့ ကျွန်တော် ပစ္စည်းတစ်ခုတွေ့ထားတယ်...."

        ဆိုရင်း ရင်ဘတ်ထဲကနေ ကဒ်ကလေးတစ်ကဒ် ထုတ်ပြလာသည်။ ထိုအရာသည် မုန့်ချွေ့ အရင်နေခဲ့သော နေရာက ဘဏ်ကဒ်ကဲ့သို့ပင် လေးထောင့်သဏ္ဍာန်ရှိသော အပြာရောင် ကဒ်ပဲဖြစ်၏။

"ဒါကဘာလဲ?"
"မင်းဘယ်ကတွေ့တာလဲ"

"အဲ့ဒီဆေးသေတ္တာထဲက တွေ့တာ.....ဒါကဘာလဲ မြို့တစ်မြို့ကို ဝင်ထွက်ခွင့် ကဒ်ပြားလား"
"မဟုတ်ဘူး.... အဲ့ဒါ ငွေစ၁၀၀၀နဲ့ ညီမျှတဲ့ ကဒ်...."

"ဟင်"

"ငွေစ ၁၀၀၀?"
"အင်း"

        ရွယ်ကန်ကျန်းသည် ကဒ်ကိုတစ်ချက်သာကြည့်ပြီး ငွေစ၁၀၀၀ဆိုတဲ့ အသံကြားပြီးနောက် မယုံနိုင်လောက်အောင် မျက်လုံးပြူးမျက်စံပြူး ဖြစ်နေတဲ့ မုန့်ချွေ့ကို လျစ်လျူရှူထားလိုက်သည်။ မူရင်းဝတ္ထုမှာ ရွယ်ကန်ကျန်းက ဒီကဒ်ကို ရခဲ့တယ်ဆိုတဲ့အကြောင်း မပါဘူးမဟုတ်လား။

        ဇာတ်လမ်းသဘောတရားက တကယ်ကြီး ပြောင်းလဲနေပြီပဲ။ မုန့်ချွေ့သည် အနှီဇာတ်လိုက်ကြီးနဲ့ တွေ့ရပြီးနောက် ငွေစ၁၀၀၀တန်ကဒ်ကို ရလိုက်သောအခါ သူပင်ပန်းခဲ့တာတွေကို မေ့မေ့ပျောက်ပျောက် ဖြစ်သွားသည်။ သူက ကဒ်ကိုသိမ်းပြီးနောက် ပေါက်ဆီမရှိတဲ့ ပန်းကန်ကို သိမ်းရန် တံခါးဘက်ဆီကို သွားလိုက်သည့် အခိုက်တွင်။

Because of you (Complete)Where stories live. Discover now