💧Part (40)💧သေရည်အိုးကြီးကိုကယ်တင်ခြင်း

1.3K 204 7
                                    

Because of you

                     💧(40)💧
          [သေရည်အိုးကြီးကို ကယ်ခြင်း]

       ရွှယ်ရှဲ့လင် စိတ်အေးအေးထားလို့ ပြောလိုက်စဥ်က မုန့်ချွေ့ စိတ်သက်သာအောင် ကြိုးစားလိုက်သော်လည်း နောက်ဆုံးသော စကားလုံးကို ကြားတဲ့အခါမှာတော့ မုန့်ချွေ့ လုံးဝ စိတ်မအေးနိုင်တော့ပေ။

"ဘယ်လို? ဒါဆိုတရားခံက ဘာလုပ်ချင်နေတာလဲ ကျွန်တော်တို့ကို ချောက်ချချင်နေတာလား....."
"၅၀ ရာခိုင်နှုန်းပေါ့... သူက ကိုယ့်အယောင်ဆောင်ပြီး အကြီးအကဲသုံးကို သတင်းပေးလိုက်တယ် ဆိုတာက တစ်ဖက်မှာ ကိုယ်က ဘယ်လိုတုံ့ပြန်လာမလဲ ဆိုတာကို သူသိချင်လို့လေ"

"အိုက်ယား......"

        မုန့်ချွေ့ သူ့ဒူးကို လက်ဝါးနဲ့ ရိုက်ပစ်လိုက်သည်။

"ကိစ္စတစ်ခုက မရှင်းသေးဘူး.... နောက်တစ်ခုက ထပ်လာပြန်ပြီ"
"စိတ်မပူပါနဲ့.... ကိုယ်မင်းကို ကာကွယ်မှာပါ.... ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်တို့ ရွယ်ဖန်စန်းကိုရှာပြီးရင် ဒီကနေ ထွက်သွားကြမယ်"

"အင်း.... အခုဘာလုပ်ကြမလဲ"
"တောင်ထွတ် အနောက်ဘက်က တောအုပ်ထဲကိုသွားမယ်.... အဲဲ့ဒီဘက်မှာ သေရည်အမြဲမူးနေတဲ့ လူတစ်ယောက်ရှိတယ် သူက ရွယ်ဖန်စန်းအကြောင်း သိလိမ့်မယ်"

'ဒေါက် ဒေါက်'

        ရုတ်တရက် တံခါးခေါက်သံကြောင့် တံခါးကို ကျောပေးထားတဲ့ မုန့်ချွေ့က ခန္ဓာကိုယ်လေး တုန်သွားသည်။ အပြင်ဘက်က အသံမှာ။

"သမားတော်ရွှယ်.... အကြီးအကဲသုံးက သူနဲ့အတူ မနက်စာစားဖို့ ခေါ်ခိုင်းလိုက်ပါတယ်"

"ငါသိပြီ"

        ရွှယ်ရှဲ့လင် မုန့်ချွေ့လက်ကို ဖျစ်ညှစ်၍ သူနဲ့အတူ စိတ်အေးအေးထားပြီး လိုက်လာခဲ့ရန် အရိပ်ပြလိုက်သည်။ မုန့်ချွေ့ကလည်း ခေါင်းအသာညိတ်ပြ၏။

        အကြီးအကဲသုံးက ပြင်ဆင်ထားတဲ့ မနက်စာနဲ့အတူ သူတို့ကို စောင့်နေ၏။ ချင်ဝမ်ချန်း နဲ့ ဟွမ်လောင်ကကြိုရောက်နေကာ သူတို့နှစ်ယောက် နဲ့ အကြီးအကဲသုံးက စကားလက်စုံကျကြသည်။

Because of you (Complete)Where stories live. Discover now