💧Part (48)💧နာကျင်ရခြင်း

1.2K 178 0
                                    

Because of you

                    💧 (48)💧
           [နာကျင်ရခြင်း]

       သူသာ အဲ့ဒီမိန်းကလေးနဲ့ blind date လုပ်တဲ့သတင်း ထွက်သွားရင် သူနဲ့မုန့်ချွေ့ရဲ့ ကိစ္စကို ဘယ်သူကမှ အာရုံစိုက်တော့မှာ မဟုတ်ဘူး။ တစ်ဖက်မှာလည်း မုန့်ချွေ့ကို သူကြိုပြောထားဖို့ လိုတယ်ဆိုတာကို သူမသိလိုက်ဘူး။

        စနေနေ့ မနက်ခင်းမှာ မုန့်ချွေ့ စောစောထ၍ ရွှယ်ရှဲ့လင်နဲ့ ရွှယ်မိသားစု အိမ်တော်ကို လိုက်လာခဲ့သည်။ ဒီနေ့က ရွှယ်ရှဲ့လင် နဲ့ ပိုင်ရုံယောင်းရဲ့ blind date နေ့ဆိုတာကို မုန့်ချွေ့ မသိဘူး။ ကြီးမားပြီး ခမ်းနားသော ဗီလာကြီးထဲဝင်သောအခါ မုန့်ချွေ့ရဲ့ ချစ်စရာ မျက်လုံးဝိုင်းလေးတွေ တောက်ပနေသည်။

"ဒါကိုကို့အိမ်ပေါ့?"

"အင်း"

        ဗီလာထဲမှာ အိမ်အကူတွေ အမြောက်အများ ရှိပြီး အားလုံးက သူတို့အလုပ်နဲ့ သူတို့ပဲ။ မုန့်ချွေ့ကို ရွှယ်မားမားက မနက်စာ အလျှံအပယ် တည်ခင်းဧည့်ခံရင်း မုန့်ချွေ့ကို ဖော်ဖော်ရွေရွေ နွေးနွေးထွေးထွေး ဆက်ဆံသည်။ ဒါက သူ့သားရဲ့ ချစ်ရသူဆိုတော့ သူမအတွက်လည်း သားတစ်ယောက်ပဲပေါ့။

        မနက်စာစားပြီးတော့ ရွှယ်ရှဲ့လင်က သူ့အိပ်ခန်းကို လိုက်ပြ၏။ သူတို့နှစ်ယောက် စကားပြောလိုက် အိမ်ထဲလိုက်ကြည့်လိုက်နဲ့ နေ့တစ်ပိုင်း ကုန်သွားသည်။

"အား ဟုတ်သားပဲ.... ကျွန်တော် အိမ်စာလုပ်စရာ နည်းနည်းရှိသေးတယ်... ကိုကို ကျွန်တော်ပြန်လို့ရလား?"
"ရတယ်လေ.... ကိုယ်မင်းကို လိုက်ပို့မယ်"

"မလိုပါဘူး... ကိုကို အန်ကယ်ရွှယ်ဆီကို သွားရမှာမလား ကျွန်တော့်ဘာသာ တက္ကစီငှားပြန်လိုက်မယ်.... ကိုကို အဆောင်ကို စောစောပြန်လာခဲ့နော်"
"အင်းပါ"

        သို့နှင့် မုန့်ချွေ့လည်း တက္ကစီငှား၍ ကျောင်းဆောင်ကို ပြန်ရောက်လာခဲ့သည်။ စနေနေ့မှာ ဟောက်ဖန်းက အချိန်ပိုင်းအလုပ် တစ်ခုရှိတာကြောင့် အပြင်ရောက်နေ၏။ မုန့်ချွေ့မှာ စာလုပ်လိုက် ပျင်းလိုက် လုပ်နေလေသည်။

Because of you (Complete)Where stories live. Discover now