💧Part (10)💧ကျန်းကောက လေးစားရတဲ့အစ်ကိုပဲ

1.5K 242 3
                                    

Because of you

                      💧(10)💧
           [ကျန်းကောကလေးစားရတဲ့အစ်ကိုပဲ]

       တစ်တန်းတွင် ထိုင်ခုံဆယ်လုံး ပါဝင်ပြီး ငှက်ကြီးတစ်ကောင်ပေါ်တွင် ထိုင်ခုံစုစုပေါင်း ၅၀ ပါဝင်လေသည်။ မုန့်ချွေ့အတွက် ဒီကမ္ဘာက အရာတွေအားလုံးက စိတ်လှုပ်ရှားစရာတွေချည်းပဲ။

        ငှက်ကြီး စပျံသည်နှင့် သူပထမဆုံး ခံစားလိုက်ရတာက ရင်ထဲဒိတ်ခနဲ ဖြစ်သွားတာပင်။ ငယ်ငယ်တုန်းက မိဘတွေနဲ့ ကစားကွင်းကိုသွားပြီး ချားရဟက်များ စီးခဲ့တုန်းကလို သည်းထိပ်ရင်ဖို ခံစားချက်မျိုး ရရှိလေသည်။ ထိုအခါ လက်ကအလိုလို ဘေးက ရွယ်ကန်ကျန်းအကျီစကို ဆွဲမိပြီးသား။

       မထင်မှတ်ဘဲ ရွယ်ကန်ကျန်းက သူ့လက်ကို ပြန်ဆုပ်ကိုင်ထားပေး၏။

"ကြောက်လို့လား...."
"အဟဲဟဲ ပထမဆုံး စီးဖူးတာဆိုတော့ နည်းနည်း စိတ်လှုပ်ရှားလို့ပါ"

"မကြာပါဘူး.... နှစ်နာရီလောက်ဆို ရောက်ပြီ ဒီငှက်တွေက အရမ်းမြန်တယ်"
"အင်းအင်း"

        သူတို့နေရာက ထိုင်ခုံတွေရဲ့ အလယ်ကျတာကြောင့် အောက်ဘက်က တောင်တန်းရှုခင်းများကို ရှင်းရှင်းလင်းလင်း မမြင်ရချေ။ ထို့ကြောင့် မုန့်ချွေ့မှာ စိတ်လှုပ်ရှားနေတာ နည်းနည်း လျော့သွားအောင် တိမ်တွေနဲ့ လူတွေကိုသာ လိုက်ကြည့်နေရတော့သည်။

        ထိုသို့ လိုက်ကြည့်ရင်း တစ်တန်းကျော်က လူငယ်ဆီ ရောက်သွားသည်။ မုန့်ချွေ့ သူ့ဘေးက အိပ်ငိုက်ချင်နေသော ဟန်ခဲ့ကို တံတောင်နဲ့တွတ်လိုက်သည်။

"ခဲ့ကော...."
"ဟင်.... ဘာဖြစ်လို့လဲ?"

"ကျွန်တော်တို့ မနေ့ကတွေ့ခဲ့တဲ့ လူလေ....ဟိုအရှေ့မှာ"
"မနေ့က?.... မနေ့ကငါဘယ်သူနဲ့ တွေ့လို့လဲ"

        ဟန်ခဲ့ကြည့်ရတာ အိပ်ချင်မူးတူး ဖြစ်နေတာကြောင့် မုန့်ချွေ့ လက်ဝှေ့ရမ်း၍ စကားဆက်မပြောတော့ပေ။ ဟန်ခဲ့ကလည်း ပြန်အိပ်သွား၏။ ပုံမှန်ဆို ဖျတ်လတ်တတ်ကြွနေသော ဟန်ခဲ့သည် အမြန်ပြေးငှက်ကို စီးသောအခါတွင်တော့ တမေ့တမောကြီး အိပ်ငိုက်နေတော့သည်။

Because of you (Complete)Onde as histórias ganham vida. Descobre agora