Part 39

17.7K 455 17
                                    

💞 Part - 39 💞
~~~~~~~~~~~

"ကိုင်း ဖေဖေ့ဆီခဏပြန်ချင်လို့"

ဆိုကာ Singaporeကိုခရီးထွက်သွားတာ တစ်ပတ်ရှိတော့မှာမို့ ကိုင်းကို သူလွမ်းနေမိသည်။
Skypeမှာ စကားပြောဖြစ်ပေမယ့် အပြင်မှာတွေ့သလိုမဟုတ်တော့ လွမ်းမြဲအတိုင်းလွမ်းနေမိဆဲ။

"ဘယ်နေ့ပြန်လာမှာလဲ"

မေးတိုင်း နှာခေါင်းလေးရှုံ့ပြီးခေါင်းခါပြစမြဲမို့ ဒီလောက်ကြာအောင်ပစ်ထားရသလားဆိုပြီး စိတ်ဆိုးချင်သည်။
သို့ပေမယ့် သူမလိုင်းပေါ်ရှိနေချိန်၊ ကိုယ်အားတဲ့အချိန်လေးမှာ ခဏတဖြုတ်သာ စကားပြောရသည်မို့လည်း သူမကိုစိတ်မဆိုးရက်။

"ဦး"

ရုံးခန်းတံခါးကိုဆွဲဖွင့်ကာ အတင်းဝင်လာပြီးမှ ဧည့်သည်တွေကိုတွေ့သွား၍ တံခါးဝမှာ ကိုင်း ရပ်သွားပြီး ကိုင်းနောက်မှာ ကျော်စွာက စိုးရိမ်စိတ်ပူနေဟန်ဖြင့်ရှိနေ၏။
သူရော သူ့ဧည့်သည်တွေပါ ကိုင်းကိုလှည့်ကြည့်မိတော့ ကိုင်းက မှင်သက်နေသောကြောင့် ထိုင်ရာမှထကာ သူမဆီလျှောက်သွားလိုက်သည်။

"နှောက်ယှက်သလိုဖြစ်သွားရင် Sorryပါဗျာ ဒါ ကျွန်တော့်ဇနီးလောင်းလေ ကောင်းကင်ပြာတဲ့"

"Aww"

"ဧကန်သစ္စာရဲ့သမီးလေးလား"

"ဟုတ်တယ်ဗျ အခုစေ့စပ်ထားတာပါ နောက်လထဲလက်ထပ်ပွဲလုပ်တော့မှာ အားလုံးကိုအနားနီးမှ ဆက်ဆက်ဖိတ်ပါ့မယ်"

"ကိုင်းအပြင်ကစောင့်မယ်"

သူမက သူ့ကိုမော့ကြည့်ရင်း ကမန်းကတန်းအပြင်ပြန်ထွက်ပြေးသွား၍ ဧည့်သည်တွေကို သူပြုံးပြနှုတ်ဆက်ရင်း အလုပ်ကိစ္စကိုသာ စကားဆက်လိုက်ရ၏။
ဘယ်အချိန်ကပြန်ရောက်နေတာလဲ။ ဘယ်အချိန်ပြန်လာမယ်ဆိုတာမသိရဘဲ တံခါးတောင်မခေါက်ဘဲ ဇွတ်ဝင်လာသည်ကိုတော့ သူ စိတ်ဆိုးမိသည်။
ဟိုကောင်ကျော်စွာကရော၊ ဘာလုပ်နေခဲ့လို့လဲ…

"ကျွန်တော်တို့အကောင်းဆုံးလုပ်နိုင်မှာပါ"

"ဟုတ်ကဲ့ ကျွန်တော့်ဆီလာပေးတာလည်း ကျေးဇူးတင်ပါတယ်"

သူကိုယ်တိုင် ဧည့်သည်တွေကို တံခါးအထိလိုက်ပို့နှုတ်ဆက်တော့ ကျော်စွာက စားပွဲမှာမထိုင်ဘဲ မတ်တပ်ရပ်နေသည်။

သူမ မှ တစ်ပါးWhere stories live. Discover now