Part 34

12.3K 391 24
                                    

💞 Part - 34 💞
~~~~~~~~~~~

အိမ်ထဲကိုရောက်သည့်အခါ ဧည့်ခန်းမှာထိုင်နေသော ပန်းခက်ဖြာဝေနှင့် တခြားအမျိုးသမီးကြီးနှစ်ယောက်ကိုတွေ့လိုက်ရ၍ ကိုင်းစိတ်ထဲတမျိုးဖြစ်သွားသည်။
ဦီးမျက်နှာမှာတော့ ကျေနပ်သွားသည့်အရိပ်အယောင်တွေ တွေ့လိုက်ရ၍ ကိုင်း စိတ်ထဲတင်းသွားကာ ပန်းခက်ဖြာဝေကတော့ ကိုင်းကိုခပ်စူးစူးကြည့်နေခဲ့သည်။

ခါးကိုသိုင်းဖက်လိုက်သည့်လက်ကို ဖြုတ်ချပစ်ဖို့ကြံစည်လိုက်ပေမယ့် ပန်းခက်ဖြာဝေနှင့်ဆင်သော မိန်းမကြီးက ကိုင်းကိုခေါင်းအစခြေအဆုံးကြည့်ကာ နှာခေါင်းရှုံ့နေ၏။
ထို့ကြောင့် ဦးရဲ့လက်ကို မဖယ်တော့ဘဲ ငြိမ်ငြိမ်လေးနေလိုက်ကာ ဦးဆွဲခေါ်လာသည့်နောက်ကို လိုက်လာခဲ့သည်။

"လူစုံနေတာပဲ"

"ငါတို့က မင်းပြန်အလာကိုစောင့်နေတာ"

"ကျွန်တော်က မေမေပဲရှိမယ်ထင်နေတာ ခက်တို့သားအမိပါရှိနေတော အတော်ပဲပေါ့ ဒါက ကောင်းကင်ပြာတဲ့ ကျွန်တော်နဲ့လက်ထပ်မယ့်မိန်းကလေး"

"ငါ့သမီးကရော မင်းနဲ့စေ့စပ်ထားတာမဟုတ်ဘူးလား ဘာလဲ မင်းက ရှေးရှေးခေတ်တုန်းကလို မိဖုရားနဲ့တင်အားမရသေးလို့ ကိုယ်လုပ်တော်တွေပါ ထားချင်သေးတဲ့သဘောလား"

ကိုင်း တစ်ကိုယ်လုံးဖျင်းခနဲဖြစ်သွားပြီး ရှက်လည်းရှက်သွားမိကာ နှုတ်ခမ်းလေးကို ဖိကိုက်ပစ်လိုက်မိသည်။
ဘယ်လိုမိန်းမကြီးပါလိမ့်…
သူ့မှာလည်း သမီးမိန်းကလေးမွေးထားပါလျက် ဘာကြောင့်မို့ ဒီလောက်ထိ မညှာမတာပြောထွက်ရတာလဲ…

"မဟုတ်ဘူး ကျွန်တော်က မိဖုရားတစ်ပါးတည်းနဲ့တင် လုံလောက်တယ် အဲ့ဒါကြောင့် ကျွန်တော့်မိန်းကလေးကို မေမေနဲ့တွေ့ဖို့ခေါ်လာတာ"

"ဘာ!!"

ထိုမိန်းမကြီး ဆတ်ခနဲထရပ်လိုက်တော့ ကိုင်း ရင်ထဲထိတ်ခနဲဖြစ်သွားပြီး ဦးနောက်ကျောဘက်ပြေးဝင်ကာ ပုန်းနေလိုက်သည်။
တကယ်ဆို ထိုမိန်းမကြီးကို ကိုင်းမကြောက်ပါ…

ရန်လည်းမဖြစ်ချင်သလို စကားတွေနှင့်လည်း အနိုင်ပိုင်းပြီးမပြောချင်ဘဲ ထိုမိန်းမကြီးကိုလက်စားချေချင်သည်။
ထို့ကြောင့်ပဲ နေမင်းမဟာဆိုသည့် ဦးကို ကိုင်းဘယ်လောက်ပိုင်နိုင်ကြောင်း သက်သေပြချင်၍ ဦးရဲ့ကျောဘက်မှာပဲ ပုန်းနေလိုက်သည်။
တစ်ခါတစ်လေတော့ ကိုင်းလည်း ပန်းနုသွေး လုပ်သင့်သည်မလား…

သူမ မှ တစ်ပါးWhere stories live. Discover now