Part 31

11.7K 361 14
                                    

💞 Part - 31 💞
~~~~~~~~~~~

ကိုင်းသတိပြန်ရတော့ မွေ့ယာပေါ်ပြန်ရောက်နေကာ ဘေးနားမှာအိပ်နေသူက Seaဖြစ်ပြီး ကိုင်းကိုငုံ့မိုးကြည့်နေပုံက ဂရုဏာအပြည့်။

"နိုးလာပြီလား"

Seaက ကိုင်းနဖူးကိုစမ်းကြည့်ရင်းမေးလာသည့်အခါ ကိုင်း ဘာမှပြန်မပြောနိုင်ဘဲ မျက်ဝန်းထောင့်ကနေ မျက်ရည်တွေသာစီးကျသွားမိသည်။
ထိုအခါ Seaက ကိုင်းမျက်ရည်တွေကို လက်မနှင့် ဖိပွတ်သုတ်ပေးရင်း ကိုင်းလက်ကလေးကို ဖွဖွလေးဖိဆုပ်ထားသည်။

"နင်ကလည်းဟာ"

"မနက်ဖြန် ဖေဖေတို့ဆီသွားမယ် လေယာဥ်လက်မှတ်ဖြတ်ထားပေး Sea"

"အင်းပါ အခုအိပ်တော့ ငါ မေမေ့ဆီဖုန်းဆက်လိုက်ဦးမယ် နေသာ နေခဲ့ဦးနော်"

ကိုင်းခေါင်းညိတ်ပြီး နေသာ့ကိုလည်း စကားမပြောချင်၍  မျက်လုံးတွေမှိတ်ကာငြိမ်သက်နေလိုက်သည်။
နေသာနှင့်စကားပြောပြီး Seaအပြင်ကိုထွက်သွားတော့မှ အသံမထွက်ဘဲ ကြိတ်ငိုမိတော့သည်။
ကိုင်းရဲ့အိမ်မက်တွေရော၊ ဦးရော ကိုင်းဆီမှာမရှိတော့ပြီမို့ ထိုအရှုံးကို ဘယ်လိုနှလုံးသားနဲ့များ လက်ခံရမလဲမသိချေ။

"မငိုပါနဲ့ကိုင်းရယ် ခေါင်းတွေကိုက်နေလိမ့်မယ်"

"ငါ့ဆီမှာ ဘာမှမရှိတော့ဘူး နေသာ"

"ငါတို့ရှိပါသေးတယ် ကိုင်းရယ် Seaကနင့်ကိုအရမ်းချစ်တာ သိတယ်မလား ငါလည်းနင့်အနားမှာ အမြဲနေမယ် နော်.."

နေသာက ကိုင်းဆံပင်တွေကိုဖွရင်း ချော့လာသည့်အခါ ခိုကိုးရာမဲ့နေမိ၍ နေသာ့ရင်ခွင်ထဲတိုးဝင်ပြီး ကိုင်း ရှိုက်ကြီးတငင်ငိုမိသည်။
ထိုညက ဦးကိုစိတ်နာပစ်ပြီး မုန်းဖို့ကိုသာဆုံးဖြတ်လိုက်ပြီး ငိုလိုက်၊ အိပ်ပျော်သွားလိုက်ဖြင့် တစ်ညလုံးကုန်ဆုံးသွားခဲ့သည်။

💞💞💞💞💞

"ကိုင်း မတက်ချင်တော့ဘူး မေမေ"

"သမီးအရမ်းကြိုးစားခဲ့တာမလား Skyရယ် အခုဘာဖြစ်လို့.."

"ကိုင်း အဆင်သင့်မဖြစ်သေးလို့ပါ"

"ဒါဆို သမီးအဆင်သင့်ဖြစ်မှတက်ပေါ့ ဖေဖေအတင်းဖိအားမပေးချင်ဘူး"

သူမ မှ တစ်ပါးDonde viven las historias. Descúbrelo ahora