Part 41 (ဇာတ်သိမ်း)

14K 372 23
                                    

💞 Part - 41 💞
~~~~~~~~~~~~~

"ပျော်နေတာလား"

တစ်ခါရောက်ဖူးခဲ့သော Hotel DE L'EUROPE၏ Riversideအခန်းမှာပဲ အခန်းငှားထားတာမို့ ဝရံတာမှာရပ်နေသော သူမကိုယ်လေးကိုဖက်ထားရင်း မေးလိုက်သည်။
ကိုင်းမျက်နှာချိုချိုလေးကြောင့် ရင်ထဲပျော်မွေ့နေပြီး သူမ ခေါင်းလေးညိတ်ပြလာသည့်အခါ လက်စွပ်ဝတ်ထားသော လက်ကလေးကို အမြတ်တနိုးငုံ့နမ်းလိုက်မိသည်။

"ဟိုတစ်ခါလာတုန်းက ဟိုဘက်အခန်းမလား ဦး"

"အင်း"

"Riversideကသိပ်မကွာဘူးနော် ကိုင်း ဒီနေရာလေးမှာရပ်နေရတာကို အရမ်းသဘောကျတာ"

"ကိုယ်ကမင်းကို ပိုသဘောကျတယ်"

"စလာပြီ"

ရင်ဘတ်ကို တံတောင်နှင့်တွက်ကာ မျက်စောင်းလေးချီလာပေမယ့် သူပွေ့ယူလိုက်သည့်အခါမှာလည်း ပြုံးစိစိမျက်နှာလေးဖြင့် လည်ပင်းကိုသိုင်းဖက်လာသည်။
နွေးအိသောကိုယ်လေးကို မွေ့ရာပေါ်အသာလေးချကာ နားရွက်ကလေးတွေကို လိုက်ကိုက်ပစ်တော့ သူမက တခစ်ခစ်ရယ်သံလေးဖြင့် သူ့ကိုထုနှက်လာပြန်သည်။

"ယားတယ်လို့"

"ချစ်တယ် ချာတိတ်ရယ် ကိုယ်ရူးတော့မယ်ထင်တယ်"

"မရူးပါသေးနဲ့ဦး ဦးကလည်း.. အခုမှHoneymoonပဲရှိသေးတယ်လေ ကိုင်းကိုစားပါဦး"

လျှာတစ်လစ်ကလေးဖြင့် မြှူဆွယ်လာသော သူမကြောင့် စိတ်တွေကိုလွှတ်ချပေးပြီး နှုတ်ခမ်းတွေကို ပြင်းရှစွာစုပ်ယူလိုက်တော့ အလိုက်သင့်စီးမျောလာသော သူမ…
ဒီတစ်ခါတော့ သူမက သူ့အပေါ်ခွလျက်ကလေးထိုင်ရင်း သူ့ရှပ်အင်္ကျီကိုကြယ်သီးတွေဖြုတ်ပစ်ပြီး ခါးပတ်ကိုလည်းထိပါးလာကာ မျက်ခုံးလေးတစ်ဖက်ပင့်ကြည့်၏။

"ဦးကအမြဲတမ်းစိတ်ပါနေတာလား"

"မင်းကြောင့်မို့ပါ"

"ဒီတစ်ခါ ကိုင်းကိုအလိုလိုက်နော်"

"ချာတိတ်သဘော"

အရှုံးပေးသလိုလက်မြှောက်ပြလိုက်တော့ သူမက ညစ်ကျယ်ကျယ်လေးပြုံးကာ သူ့ရင်ဘတ်ပေါ်မှောက်လျက်ကလေးအိပ်ပြီး မေးဖျားကိုမော့နမ်း၏။
ခန္ဓာကိုယ်ပိစိလေးက သူ့ကိုယ်ကြီးပေါ်မှာရှိနေ၍ အိမ်မြှောင်လေးကပ်နေသည့်အတိုင်း…

သူမ မှ တစ်ပါးWhere stories live. Discover now