Part 32

14K 407 21
                                    

💞 Part - 32 💞
~~~~~~~~~~~

"နောက်ထပ်ပိုပြီး ခံပြင်းစရာကောင်းအောင်ပြောလိုက်ဦးမယ် ငါက ကိုင်းနဲ့ပဲလက်ထပ်မှာ"

ဘယ်လိုလဲဆိုသည့်မျက်နှာဖြင့် ကို့မျက်နှာထက်ကအပြုံးသည် ခက်ရဲ့ဒေါသစိတ်နှင့် မာနတရားကို နှိုးဆွနေသည့်နှယ်။
ကလေးဆန်ဆန်ဖြင့် ဖြူနုဝင်းစက်နေသောမျက်နှာလေးကို မျက်လုံးထဲပြေးမြင်လိုက်ကာ ဒီမိန်းကလေးကို ခက်ရှုံးခဲ့ပြီလား…

"အဲ့ဒီစကားတွေ ဦးကိုပဲပြောလိုက်ပါ ကိုင်းအနေနဲ့ ကလေးမို့စိတ်ကစားတာပါဆိုပြီး အကြောင်းပြချက်ပေးလို့ကောင်းပေမယ့် လူကြီးတွေအတွက်ကျ အဆင်မပြေဘူးလေ"

သူမဘက်က လှောင်ပြုံးလေးဖြင့်ပြောခဲ့သည်ကို ပြန်သတိရလိုက်သလို ခက်သည် ကတိတွေ၊သစ္စာတွေဟာ ဖျက်စီးဖို့မလွယ်ဟု ပြောခဲ့မိသေးသည်။
ထိုကတိသစ္စာတွေဟာ ကို့အတွက် အရေးလုပ်စရာမလိုသောအရာတွေလား…
ခက်ဟာ တကယ်ပဲ စည်းကျော်နေခဲ့ပြီလား…

"ရှင့်မှာ အချိန်တွေနောက်ကျသွားပြီ"

"နောက်ကျနေပြီလို့သိလိုက်တဲ့အချိန်က အစောဆုံးပဲ ခက် ငါမင်းကိုလက်ခံခဲ့တယ် မှန်တယ်.. ဒါက သားသမီးတစ်ယောက်ရဲ့ ကျေးဇူးသိတတ်ချင်တဲ့စိတ်နဲ့ပဲ အခုငါသိလိုက်တာက ငါ့အတွက် ကိုင်းမရှိလို့မဖြစ်ဘူး"

"ဟွန့်.. သူကရှင့်ကိုလက်ခံမှာမို့လို့လား"

"လက်ခံတာ မခံတာက ငါ့အပိုင်းပါ စေ့စပ်ပွဲကိုငါဖျက်သိမ်းလိုက်မယ် အားလုံးကိုလည်းအသိပေးလိုက်မယ် အဲ့ဒါကြောင့် နောက်ဆို မင်း ဒီရုံးခန်းကိုလာတာပဲဖြစ်ဖြစ် ကိုင်းဆီကိုသွားတာပဲဖြစ်ဖြစ် ဆင်ခြင်ဖို့ ခေါင်းထဲထည့်ထားလိုက်"

"ဘာ!!"

"မင်းပြန်လိုက်တော့မလား ငါအလုပ်ရှိသေးတယ်"

သူသည် ရင့်သီးအေးစက်သောစကားတို့ကို ပစ်ပစ်ခါခါပြောရင်း ခက်ကိုတစ်ယောက်တည်းထားခဲ့ကာ ရုံးခန်းထဲကထွက်သွားတော့၏။
ခက်ရင်ထဲ ခါးသီးသွားပြီး နှုတ်ခမ်းလေးကို ဖိကိုက်ပစ်ကာ တစ်ယောက်တည်း ကျိန်ဆိုလိုက်မိသည်အထိ။

သူမ မှ တစ်ပါးWhere stories live. Discover now