Part 11

9.5K 312 1
                                    

💞 Part - 11 💞
~~~~~~~~~~~~~~

မဟာပြန်သွားသည်နှင့် သူ အသည်းအသန်ပုံစံဖြင့် မ အနားရောက်သွားကာ ပြုံးစိစိဖြစ်​နေသည့် မ,လက်ထဲက ဟန်းချိန်းလေးကိုတွေ့တော့ နားလည်သွားသည်။
ထိုလူကြီးကို မ,သဘောကျချင်လည်း ကျစရာကောင်းပြီး တည်ငြိမ်ရင့်ကျက်နေမှုက တကယ့်Gentlemanဖြစ်၏။

"ဘာလဲ နင့်ပုံစံကြီးကြည့်ရတာကိုက ရှက်သွေးတွေဖြာနေပုံပဲ နင့်ကိုဖွင့်ပြောလိုက်ပြီလား"

ဟု အလောတကြီးမေးလိုက်မိသည်။
မ,ကရှက်ပြုံးလေးပြုံးရင်း ဟမ်းချိန်းလေးကိုထောင်ပြတော့ ဘာလဲဆိုသည့်အမူအယာဖြင့် မေးဆတ်ပြလိုက်သည်။

"သူ့အနားကပြေးမသွားအောင် ချည်ထားချင်တယ်တဲ့"

"Wow မထင်ရဘူး နောက်ဆုံးတော့ နင်လိုချင်တာရပြီမလား congratulation ကိုင်း"

မ,သည် သူ့ရဲ့အသက်တစ်ခြမ်းပဲမို့ ခါးကနေတအားဖက်ပြီး မွှေ့ယမ်းပစ်တော့ မ,ကိုယ်လုံးပိစိလေးက လေထဲလွင့်သွားသလိုဖြစ်သွားသည်။
ဒီလူကြီးကို မ,အရမ်းမျှော်လင့်နေမှန်းသိတာမို့ နှစ်ယောက်သားအားရပါးရရယ်နေမိရင်း နေသာ့ဆီအကြည့်ရောက်သွားသည်။
သူမသည် တခြားကောင်တစ်ယောက်နှင့် စကားလက်ဆုံကျနေကာ မျက်နှာလေးကလည်း ပြုံးပျော်နေသလိုပင်...

"နေသာ ဟိုဘက်တိုး"

သူတမင်ညစ်ကာ နေသာ့အနားကပ်ထိုင်လိုက်တော့ နေသာက မျက်စောင်းထိုးကာ တစ်ဖက်ကိုကပ်ထိုင်ဖို့ပြင်လိုက်၍ ပိုင်ဆိုးပိုင်နင်း ပခုံးကိုဖက်ပစ်လိုက်သည်။
သူမအနားမှာ ဘယ်လိုကောင်မျိုးမှမရှိစေချင်…

"Sorry သူက ငါ့ကောင်မလေး"

ဆိုတော့ နေသာနှင့်စကားပြောနေသူက မျက်နှာပျက်သွားကာ ခေါင်းညိတ်ပြပြီး ချက်ချင်းထသွားတော့၏။
ထိုအခါမှ သူက နေသာ့ကိုဖက်ထားသည့်လက်ကို ဖယ်ချပေးလိုက်ကာ...

"အဲ့ကောင်ကပွေတယ်လို့ ပြောနေတာကို နင်ကကြိုက်ချင်နေတာလား နေသာ.. ယောကျာ်း အဲ့လောက်ရှားလား"

"စိတ်ဝင်စားမနေနဲ့"

"အေး မဝင်စားဘူး ငါလိုက်ပြောနေလို့ နင့်ကိုစိတ်ဝင်စားတယ်ထင်မနေနဲ့ နေမြဲချိုသာမ.. အူအူအအနဲ့ ဘယ်ကောင်ကလိမ်သွားမလဲမသိလို့ သနားလို့ပြောနေတာ"

သူမ မှ တစ်ပါးWhere stories live. Discover now