Part 20

11.1K 327 3
                                    

💞 Part - 20 💞
~~~~~~~~~~~~~

မျက်စိတစ်ဆုံးမြင်နေရသည့် Tulipပန်းခင်းကြီးက ခရမ်းရောင်လွှမ်းကာ လှချင်တိုင်းလှနေတာမို့ ကြည့်မဝသည့်ထိုမြင်ကွင်းလေးကို ပါးစပ်အဟောင်းသားငေးနေမိ၏။

"ပျော်လား"

နွေးထွေးချိုမြသော ဦးရဲ့အသံကြောင့် ရင်ထဲပျော်ဆင်းသွားရပြီး ဦးလည်ပင်းကိုခြေဖျားလေးထောက်၍ ဖက်လိုက်မိသည်အထိ။
ဦးနှုတ်ခမ်းတွေက ကိုင်းရဲ့နဖူးပေါ်၊ ပါးပေါ် နေရာလပ်မကျန်အောင်ထိတွေ့သွား၍ တသိမ့်သိမ့်ရင်ခုန်သွားမိရင်း ပိုပြီးတင်းနေအောင်ဖက်ထားမိသည်။
နွေးနေသော ဒီရင်ခွင်ကြီးကို ကိုင်း အလွန်နှစ်ခြိုက်မိသလို ဦးကို ပိုပိုပြီးချစ်လာမိကာ…

"ချစ်တယ် ကိုယ့်ချာတိတ်လေး"

ကိုင်းနှုတ်ခမ်းတွေ နွေးခနဲဖြစ်သွားပြီး နှုတ်ခမ်းတွေဆီမှ စိုစွတ်သောအထိအတွေ့ကြောင့် မျက်လုံးတွေဖွင့်ကြည့်မိတော့ နီးကပ်နေသော ဦးရဲ့မျက်နှာ။
ထိုအခါမှ အသိစိတ်ပြန်ကပ်သွားပြီး ပန်းခင်းကြီးလည်းမရှိတော့ဘဲ Hotelခန်းထဲမှာမှန်း သတိပြန်ရကာ ကိုင်းတစ်ကိုယ်လုံး ဦးရင်ခွင်ထဲမှာနစ်မြုပ်လို့။
မျက်စောင်းလေးချီမိပေမယ့် ဦးရဲ့လည်ပင်းကိုသိုင်းဖက်ကာ မျက်နှာလေးမော့ပေးလိုက်တော့ အိမ်မက်ထဲကအနမ်းတွေက အပြင်မှာတကယ်ရှိလာ၏။

"ဦီး.. ကိုင်းပျော်နေတာ အိမ်မက်ထဲမှာ ဦးနဲ့ကိုင်းက Tulipပန်းခင်းကြီးနားမှာတဲ့ Seaတို့ဟန်းနီးမွန်းကို စိတ်စွဲသွားလို့ထင်တယ်"

"သွားချင်လို့လား"

ကိုင်း နှုတ်ခမ်းလေးစူလိုက်ကာ ဦးကိုမော့ကြည့်တော့ ဦးက ကိုင်းကိုလေးနက်သောအကြည့်တွေဖြင့် စူးစိုက်ကြည့်နေသည်။
ဦးရဲ့အကြည့်တွေက အမြဲလိုစူးရှနေတတ်ကာ ကိုင်းကိုကြည့်တိုင်း နွေးထွေးနူးညံ့ခြင်းတွေ ရောယှက်နေတတ်သည်။
ဦးရဲ့နှာတံစင်းနေပုံက Seaထက်ပိုပြီးကြည့်ကောင်းသလိုထင်မိကာ ဦးနှုတ်ခမ်းတွေကလည်း လေးကိုင်းသဏ္ဌာန်ရှိကာ ပန်းရင့်ရောင်သမ်းနေ၏။
ချောလိုက်တဲ့ ငါ့ရည်းစားကြီး…

"ဦးကိုအရမ်းချစ်တာပဲ"

"အဲ့ဒါကိုမေးလို့လား ဟန်းနီးမွန်းကိုစိတ်စွဲနေတယ်ဆိုတော့ ကိုယ့်ကိုအထာပေးတာလား"

သူမ မှ တစ်ပါးWhere stories live. Discover now