Part 37

13.2K 366 11
                                    

💞 Part - 37 💞
~~~~~~~~~~~

ဖေဖေ့မျက်နှာတင်းမာနေတာမို့ အိမ်မှာမနေရဲသည့်ကိုင်းသည် ဦးရဲ့ရုံးနားရှိ Shopping Centerသို့တစ်ယောက်တည်းထွက်လာခဲ့သည်။
Centreထဲမှာ မုန့်တစ်ခုခုစားပြီး ဦးဆီမှာပဲသွားအချိန်ဖြုန်းဖို့ကိုပါ စိတ်ကူးထားလိုက်သည်။
နေသာကလည်း သူ့ဆိုင်နဲ့သူဖြစ်ကာ Seaကလည်း ဦးမြဲရဲ့အလင်းတန်းမှာ အလုပ်သင်ဖြစ်နေပြီမို့ အလုပ်မရှိသောကိုင်းက တစ်ယောက်တည်းယောင်ချာချာ။
Centreအောက်က အကင်ဆိုင်မှာထိုင်ရင်း မှာထားသည့်အကင်တွေရောက်လာတော့ ဘာမှမတွေးတော့ဘဲ စားဖို့ကိုပဲ အာရုံရောက်သွားတော့၏။

"ရုပ်ကလေးသနားကမားနဲ့ သူများပစ္စည်းကို လုယူတဲ့မိန်းမလေ"

ဆိုသော တီးတိုးသံတွေကြားပေမယ့် ကိုယ့်အာရုံနှင့်ကိုယ်မို့ ဘာကိုမှဂရုမစိုက်ဘဲ စားစရာတွေကိုပဲ အာရုံရောက်နေချိန် ခေါင်းထက်မှာ အေးခနဲဖြစ်သွားသည်။
လိမ္မော်ဖျော်ရည်တွေသည် ကိုင်းရဲ့ခေါင်းထက်မှ ပခုံးပေါ်အထိစီးကျလာတော့ အံ့ဩသွားမိသလို ဒေါသလည်းဖြစ်သွား၍ ဆတ်ခနဲမော့ကြည့်လိုက်မိသည်။
ပန်းခက်ဖြာဝေနှင့်အတူ အမြဲပါလာနေကျ အမျိုးသမီးဖြစ်ကာ ထိုအမျိုးသမီးကိုတော့ ကိုင်းမသိချေ…

"စနိုက်မ"

ကိုင်း ရှက်ရွံ့ထူပူသွားမိသလို တစ်ဆက်တည်းမှာပင် ဒေါသတွေဖြသ်လာပြီး ဆတ်ခနဲထရပ်ကာ ထိုမိန်းမကိုအားရပါးရတွန်းပစ်လိုက်သည်။
ထိုအမျိုးသမီးဟာ ကိုင်းရဲ့တုံ့ပြန်မှုကို ထင်မှတ်ထားပုံမရသောကြောင့် အခြေအနေသည် ရုန်းရင်းဆန်ခတ်ဖြစ်သွားသည်။
ထိုမိန်းမကတော့ ကြမ်းပြင်ပေါ်မှာလဲသွားပြီး ပန်းခက်ဖြာဝေက အသည်းအသန်ပုံစံဖြင့် ပြေးလာကာ..

"ပိုပို ဘာဖြစ်သွားသေးလဲ"

"ဟင့်အင်း"

"ကိုင်းရယ် အစ်မတောင်းပန်ပါတယ် အစ်မသူငယ်ချင်းက ဒေါသမထိန်းနိုင်သွားလို့ပါ အစ်မက ညီမတို့ကိုကြည်ဖြူပါတယ်"

"ဘာ!"

"ပိုပိုက အစ်မအတွက်မခံမရပ်နိုင်ဖြစ်သွားလို့ပါ အစ်မပြောထားပါ့မယ်နော်"

သူမ မှ တစ်ပါးWhere stories live. Discover now