Part 40

9.9K 245 5
                                    

💞 Part - 40 💞
~~~~~~~~~~~~~

ကောင်းကင်ကိုမော့ကြည့်မိသည့်အခါတိုင်း ဘာကိုလွမ်းလို့ လွမ်းရမှန်းမသိဘဲ ရင်ထဲမှာလှိုက်မောမိသလို ငယ်စဥ်ကတည်းက ကောင်းကင်ကို မော့ကြည့်တတ်စမြဲ။
တိမ်စတစ်စမှမရှိဘဲ ပြာလွင်နေသောကောင်းကင်သည် သူသဘောအကျရဆုံးသော မြင်ကွင်းတစ်ခုဖြစ်သည်။

ငယ်ဘဝမှာ အပြာရောင်ကောင်းကင်ကိုငေးရင်း စိတ်ကူးတွေယဥ်ခဲ့သည်။ အတွေးတွေ့ဖြင့်ပျော်ခဲ့ဖူးကာ အရွယ်ရောက်လာသည့်အခါမှာလည်း ကောင်းကင်ပြာပြာလေးကြောင့် သူစိတ်ကူးယဥ်ခဲ့ရပြန်သည်။
Sky ဟု အများကချစ်စနိုးခေါ်သော သူ့ရဲ့ချာတိတ်မ..
အပြာနုရောင်ဂါဝန်ကားကားလေးဖြင့် နူးညံ့သိမ်မွေ့စွာ လှနေသော သူ့ရဲ့ကောင်းကင်လေး…

"Congratulationပါ ကိုနေမင်းမဟာ ရွေးတတ်လိုက်တာနော် သတို့သမီးက တကယ်ကလေးလေးအတိုင်းပဲ လှရက်လိုက်တာ"

"ကျေးဇူးပါဗျာ"

"လူပျိုကြီးက မယူတော့လည်း မယူလို့ ယူတော့လည်း ဦးဧကန်သစ္စာရဲ့သမီးကိုမှနော်"

ဒီစကားကြောင့် ထူးဆန်းသလိုဖြစ်သွားကာ ဂဃဏနမသိသေး၍ ဧကန်သစ္စာဆိုသည့် သူမဖေဖေကို တစ်ချက်လှမ်းကြည့်မိသည်။
ရင့်ကျက်တည်ငြိမ်သော အမူအယာဖြင့် ဧည့်သည်တွေကိုပြုံးလျှက်နှုတ်ဆက်ဧည့်ခံနေကာ တစ်ချက်တစ်ချက်မှာလည်း ကိုင်းကိုလှမ်းလှမ်းကြည့်နေ၏။

"ဟုတ်တယ် မင်းမသိလို့ဖြစ်မယ် သူက သူ့သမီးကိုဥထားတာဗျာ အတော်လေးလည်းချစ်ရှာတယ် စကားအစတောင်မခံဘူး
သူတို့အမေက Blind dateတွေ ဘာတွေ စီစဥ်ပေးသေးတယ် ဒီကောင်မလေးကဖျက်လိုက်၊ သူ့မောင်ကဝင်ဖျက်လိုက်နဲ့ တစ်ခါတစ်လေကျ ဧကန်သစ္စာက ကိုယ်တိုင်ဝင်ဖျက်တာတွေတောင်ရှိတယ်"

"Aww"

"အဲ့ဒီကလေးမလေးကို မင်း ဘယ်လိုများချုပ်လိုက်တာလဲ Barမှာလာနှုတ်ဆက်ကတည်းက ငါထင်တော့ထင်ပါတယ်"

အလုပ်အတူလုပ်နေကျ၊ Barအတူထိုင်နေကျလူတွေက ဝိုင်းမေးလာတော့ သူ ပြုံးရုံသာပြုံးမိကာ ဘာမှမပြောဖြစ်။
ဘယ်သူကချုပ်လိုက်သလဲတော့မသိသလို ကိုယ့်မှာတော့ ဒီကလေးမလေးကြောင့်ပဲ ကမောက်ကမတွေဖြစ်ကုန်တာမလား…

သူမ မှ တစ်ပါးWhere stories live. Discover now