Part 23

11.4K 303 4
                                    

💞 Part - 23 💞

~~~~~~~~~~~~~


တစ်ကိုယ်လုံးနာကျင်နေ၍ ကိုင်း အိပ်ရာကနိုးလာကာ မျက်နှာလေးရှုံ့မဲ့သွားမိရင်း ခေါင်းလေးထောင်ကြည့်မိသည်။

ကိုင်းကိုယ်ပေါ်မှာ ဦးရဲ့ရှပ်အင်္ကျီဖားဖားကြီးက နေရာယူထားပြီး ဦးကတော့ ကိုင်းဘေးမှာအိပ်ပျော်နေဆဲ…


ညကအဖြစ်အပျက်ကိုတွေးရင်း ကိုင်းနှုတ်ခမ်းတွေပြုံးသွားမိကာ လက်ကလေးထောက်ပြီး ဦးမျက်နှာကို အသေးစိပ်လိုက်ကြည့်နေမိသည်။

ဦးဟာ ကိုင်းနဲ့ ၁၀နှစ်လောက်သာကွာပေမယ့် ဘာကြောင့် သိပ်ရင့်ကျက်လွန်းနေသလဲမသိဘဲ လူကြီးလူကောင်းတစ်ယောက်လို ခန့်ညားထည်ဝါမှုအပြည့်…

တန်ဖိုးကြီးရတနာ တစ်ခုတစ်လေတောင်ဝတ်စားမထားသည့်တိုင် သန့်ပြန့်လင်းလက်သော အရှိန်အဝါတမျိုးဖြင့် ဘယ်အချိန်မှမှေးမှိန်မနေခဲ့သူ…


"ဟီး! ချောလိုက်တာ ဦးက"


"ချောရင်နမ်းဦးလေ"


မျက်လုံးမဖွင့်ဘဲပြောလာတော့ ကိုင်း ပါးလေးတွေရဲသွားချိန် ဦးမျက်လုံးတွေပွင့်လာပြီး ရယ်မြူးရိပ်တွေဖြင့် ကိုင်းမျက်နှာလေးကိုဆွဲယူ၏။

ကိုင်းသည် ဦးအပေါ်မှာ ကုန်းကုန်းကွကွဖြစ်နေကာ ကိုင်းရဲ့ဆံပင်တွေက ဦးမျက်နှာပေါ်၊ လည်ပင်းပေါ်မှာအပုံလိုက်ခွေနေလျက်…


"Morning ချာတိတ်"


"ဦး နိုးနေတာကြာပြီမလား"


"နည်းနည်းပဲ ကိုယ့်ကိုဘာလုပ်မလဲလို့ ငြိမ်နေတာ ဘာမှမလုပ်လို့ကိုယ်ကပဲ"

သူမ မှ တစ်ပါးWhere stories live. Discover now